နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် တာလီဘန်များကို အမေရိကန် တိုက်တွန်းမည်

ကဘူးလ်  မေ ၈

အမေရိကန်နှင့်  နေတိုးတပ်များတပ်စခန်း  ရုပ်သိမ်းချိန်တွင် အာဖဂန်နစ္စတန်တွင် တိုက်ပွဲများထပ်မံ၍  ပြန်လည်ဖြစ်ပွားလာခြင်း ကြောင့် အချိန်အတော်ကြာသည်အထိ ရပ်ဆိုင်းထားခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်ရမည်ဖြစ်ကြောင်း အမေရိကန်က တိုက်တွန်းပြောဆိုလိုက်သည်။

အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရန် အမေရိကန်ဘက်ကဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး တာလီဘန်များအနေဖြင့် အကြမ်းဖက်မှု များလျှော့ရန်နှင့်  ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန်  ကိုလည်း အမေရိကန်ဘက်မှ တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။
တာလီဘန်များကမူ ပြီးခဲ့တဲ့နှစ် တွေ့ဆုံဆွေးနွေးပွဲ၏ သဘော တူညီချက်ကို အမေရိကန်ဘက်က အတိအကျ လိုက်နာခြင်းမရှိသဖြင့် အာဖဂန်နစ္စတန်တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆို ထားသည်။

အမေရိကန်သည် မေလ ၁ ရက်နေ့တွင် အာဖဂန်နစ္စတန်မှ တပ် စခန်းအပြီးသတ်ရုပ်သိမ်းပေးရန် သဘောတူညီခဲ့ပြီး ယင်းတပ်စခန်း ရုပ်သိမ်းမှုမှာ စက်တင်ဘာလ ၁၁ ရက်တွင် အပြီးသတ်မည်ဖြစ်သည့် အတွက် ယင်းမှာ ကတိကဝတ်ဖောက်ဖျက်ခြင်းဖြစ်သည်ဟု တာလီဘန် များက ယူဆခဲ့ပြီး ယခုကဲ့သို့ ရပ်နားထားသော တိုက်ပွဲကိုစတင်လိုက် ခြင်းဖြစ်ကြောင်း တာလီဘန်များက ပြန်လည်အသိပေးထားသည်။
မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ