နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွာရှင်းခွင့်နှင့် ပိုင်ဆိုင်မှုခွဲဝေပြီးပါက ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးစာရင်းတွင် ဘီလ်ဂိတ် ဇနီးဟောင်းဖြစ်သူ မယ်လင်ဒါဂိတ် ဒုတိယနေရာထိ ရောက်လာနိုင်

ဝါရှင်တန်  မေ ၈

မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်နှင့် ကွာရှင်း လိုက်ပြီဖြစ်သည့် မယ်လင်ဒါဂိတ်စ်အနေဖြင့် နှစ်ဦးပိုင်ဆိုင်မှုများကို ခွဲဝေလိုက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံ ရရှိမည်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးစာရင်း၏ ဒုတိယနေရာအထိရောက် လာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာကျော် အမျိုးသမီး Forbes မဂ္ဂဇင်းတွင် ဖော်ပြသည်။

မယ်လင်ဒါဂိတ်စ်သည် ကွာရှင်းပြတ်စဲမှုဆိုင်ရာ အသနားခံစာကို ဝါရှင်တန်ပြည်နယ် ဆီယက်တယ်လ်မြို့ရှိတရားရုံးသို့ တင်သွင်းထား ကာ ဇနီးမောင်နှံနှစ်ဦးအတူရှေ့ဆက်ရန်မဖြစ်နိုင်တော့သည့် အခြေအနေ များကြောင့် ကွာရှင်းပြတ်စဲသည်အထိ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ရုံးတော်သို့ တင်ပြခဲ့သည်။
မယ်လင်ဒါအနေဖြင့် အိမ်ထောင်ရေးကွာရှင်းသည့် ကိစ္စအလုံးစုံကို ဝါရှင်တန်ပြည်နယ်ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝါရှင်တန်ဥပဒေအရ ကွာရှင်းမှုတွင် ပိုင်ဆိုင်ရမည်များကိုခွဲဝေပါက ဘီလ်ဂိတ်စ်နဲ့ မီလင်ဒါဂိတ်စ်တို့အနေဖြင့် အညီအမျှစီ ခွဲဝေယူကြရ မည် ဖြစ်သည်။

ဇနီးမောင်နှံနှစ်ဦး၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၁၄၆ ဘီလီယံ ရှိနေပြီး ကွာရှင်းမှုအရ အညီအမျှ ခွဲဝေယူရမယ်ဆိုရင်မယ်လင်ဒါမှာ အမေရိကန်ဒေါ်လာ ၇၃ သန်းကို ရရှိမည်ဖြစ်သည့်အတွက် ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးစာရင်းတွင် ပါဝင်လာတော့မည်ဖြစ်သည်။

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးစာရင်း၏ ထိပ်ဆုံးနေရာ တွင် L’Oreal အလှကုန် ထုတ်လုပ်ရေးလုပ်ငန်းစုပိုင်ရှင် ပြင်သစ်နိုင်ငံ သူ ဖရန်ဆွာ ဘတ်တန်ကော့တ်မယ်ရာရှိနေပြီး ပိုင်ဆိုင်မှုအားဖြင့် အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံရှိသည်။         
ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ