နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားပြည်နယ်တွင် COVID-19 ကာကွယ်ဆေးထိုးပြီးသည့် သက်သေကတ်ပြားအတုများ ပြုလုပ်သူများကို ဖမ်းဆီး

လော့စ်အိန်ဂျလိစ်  မေ ၈

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ် ပိုင်းတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတု များ ရောင်းချသူကို မေလ ၆ ရက်က တရားစွဲဆိုဖမ်းဆီးခဲ့ရပြီး ယင်းသို့ ပြုလုပ်သူများကို ထိရောက်စွာအရေးယူရန် ကယ်လီဖိုးနီးယား အရက် အဖျော်ယမကာထိန်းချုပ်ရေးဌာနက ကြေညာလိုက်သည်။
 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများကို အရက် ဘားတစ်ခုတွင် ရောင်းချနေခြင်းဖြစ်ပြီး အဆိုပါ ကတ်များကို တန်ဖိုး မည်မျှနှင့် ရောင်းချခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။

 အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများ ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းသည် ပြစ်မှုမြောက်ကြောင်း ပြီးခဲ့သည့် မတ်လ ကတည်းက အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ ကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

 ကယ်လီဖိုးနီးယားပြည်နယ်အစိုးရမှ မေ ၆ ရက်အထိ နောက်ဆုံး ထုတ်ပြန်ထားချက်အရ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်ပြည့်မီ သူ ဒေသခံများ၏ ၄၂.၃ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသည့်အပြင် နောက်ထပ် ၁၈.၆ ရာခိုင်နှုန်းမှာမူ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်စီ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
 မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ