နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲတော်ရက်အတွင်း အိုလံပစ်အားကစားကွင်းကို မပျံသန်းရနယ်မြေအဖြစ် ဂျပန်အစိုးရ သတ်မှတ်

တိုကျို   မေ ၈

တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်အားကစားပွဲကို ဇူလိုင်  ၂၃ ရက်မှ ဩဂုတ် ၈ ရက် အထိ၊ ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၅  ရက်အထိ အသီးသီးကျင်းပမည်ဖြစ်ရာ အိုလံပစ်အားကစားကွင်းကို မပျံသန်းရနယ်မြေအဖြစ် ဂျပန်အစိုးရက သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို "မပျံသန်းရ နယ်မြေအဖြစ်သတ်မှတ်ခြင်းမှာ ဝေဟင်မှ အကြမ်းဖက်မှုအန္တရာယ် များကျရောက်မည်ကို စိုးရိမ်၍ဖြစ်ကြောင်း" ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားသည်။

ဂျပန် မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်း အိုလံပစ်အားကစားပွဲမကျင်းပမီ (၂)နာရီမှ ကျင်းပပြီး (၁)နာရီအချိန် အထိ ပြိုင်ပွဲနေရာအထက်ကောင်းကင်တွင် ပျံသန်းသွားလာမှုတားမြစ် မည်ဖြစ်ကြောင်းဆိုသည်။   

ပြိုင်ပွဲကျင်းပသည့်ကာလအတွင်း ပြိုင်ပွဲနေရာ ပတ်လည် (၃)ကီလိုမီတာအတွင်း ပျံသန်းသွားလာမှုကို တားမြစ်မည်ဖြစ်ပြီး ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကာလတွင် ဂျပန်အမျိုးသားအားကစားကွင်းပတ် လည် (၄၆)ကီလိုမီတာအတွင်း ပျံသန်းသွားလာမှုကို တားမြစ်မည်ဖြစ် ကြောင်း သိရသည်။         
ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ