နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရှိ၊ မရှိစစ်ဆေးသည့်စက် လည်ပတ်နိုင်ရန် NHL သို့ ၅၀ဝ KVA မီးစက်ကြီးတစ်လုံး လှူဒါန်း

ရန်ကုန်   မေ  ၁၈


အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန-NHL (ရန်ကုန်) တွင် တပ်ဆင်ထားသည့် COVID-19 ရောဂါပိုးရှိ၊ မရှိဓာတ်ခွဲစစ်ဆေးစက် အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန်အတွက် အရေးတကြီး လိုအပ် လျက်ရှိသော ၅၀ဝ KVA မီးစက်တစ်လုံးကိုကမ္ဘောဇဘဏ်မှ လှူဒါန်းခဲ့သည်။


အဆိုပါမီးစက်သည် အမေရိကန်နိုင်ငံထုတ် အမျိုးအစားဖြစ်ပြီး ယင်းမီးစက်တပ်ဆင်ရန်နှင့် လည်ပတ်နိုင် ရန်အတွက် Auto Transfer System(ATS)၊ အခြားလိုအပ်သောကိရိယာများကိုလည်း ပေးအပ်လှူဒါန်းခဲ့ရာ စုစုပေါင်းမြန်မာကျပ်ငွေ ၁၂၅ သန်းတန်ဖိုးရှိကြောင်း သိရသည်။


''ဒီမီးစက်ကြီးက ကျွန်မတို့ရဲ့ သုတေသနလုပ်ငန်းသုံးအအေးခန်းကြီးတွေအတွက် လိုအပ်တဲ့ လျှပ်စစ် ဓာတ်အားကို ၂၄ နာရီပတ်လုံး ပြတ်တောက်မှုမရှိဘဲလုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်'' ဟု အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေး ဌေးတင်ကပြောသည်။


ယခုကဲ့သို့ လှူဒါန်းလိုက်သည့်အတွက် COVID-19 နှင့် အခြားစစ်ဆေးရမည့် နမူနာများသိုလှောင်ရာတွင် အချိန်ပြည့်လည်ပတ်ထားရမည့် သုတေသနလုပ်ငန်းသုံးအအေးခန်းများကဲ့သို့သော စက်ကိရိယာများကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။


KBZ Bank, KBZ MS General Insurance, KBZ Life Insurance, Myanmar Airways International(MAI)နှင့် Air KBZ တို့သည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် မြန်မာကျပ်ငွေ စုစုပေါင်း ၃ ဒသမ ၅ ဘီလီယံ လှူဒါန်းပြီးဖြစ်ကြောင်းသိရသည်။                              


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ