နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှုထမ်း ၄၀၀၀ ကျော် လိုက်ပါလာသည့် အမေရိကန်လေယာဉ်တင်သင်္ဘောပေါ်တွင် COVID-19 ကူးစက်မှုဖြစ်ပွား

အမှုထမ်း ၄၀၀၀ ကျော် လိုက်ပါလာသည့် သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဟန့်တားနိုင်ရေးအတွက် အမြန်ဆုံးကူညီပေးရန် အမေရိကန်လေယာဉ်တင်သင်္ဘော ကပ္ပတိန်က အကူအညီတောင်းခံခဲ့သည်။ သီအိုဒိုရုစဗဲ့(Theodore Roosevelt)သင်္ဘောပေါ်မှ အမှုထမ်းအများအပြားတွင် COVID-19 ရောဂါပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ လက်ရှိအချိန်တွင် သီအိုဒိုရုစဗဲ့သင်္ဘောကို ဂူအမ်ကျွန်းတွင် ကမ်းကပ်ထားသည်။ “ကျွန်တော်တို့ စစ်ဖြစ်နေတာမဟုတ်ပါဘူး။ သင်္ဘောသားတွေ အသက်စွန့်ဖို့ မလိုအပ်ပါဘူး’’ဟု သင်္ဘောကပ္ပတိန် ခရိုဇီယာက ပင်တဂွန်သို့ စာရေးသားပေးပို့ခဲ့သည်။ သီအိုဒိုရုစဗဲ့သင်္ဘောပေါ်မှ သင်္ဘောအမှုထမ်းအားလုံးနီးပါးကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ညွှန်ကြားထားသည်။ သို့သော် လေယာဉ်တင်သင်္ဘောပေါ်ရှိ ကျဉ်းမြောင်းသည့်နေရာတွင် သင်္ဘောသား အများအပြားနေထိုင်ရခြင်းကြောင့် ရောဂါပိုးရှိနေသူများကို သီးသန့်ခွဲခြားထားရန် မဖြစ်နိုင်ကြောင်း ခရိုဇီယာက ရေးသားဖော်ပြထားသည်။ လက်ရှိအချိန်တွင် COVID-19 ကူးစက်ပျံ့နှံ့မှု အရှိန်ကောင်းနေသည်ဟု ခရိုဇီယာက သတိပေးထားသည်။ “ထိရောက်တဲ့ လှုပ်ရှားမှုလုပ်ဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပေါ်က အမှုထမ်းတော်တော်များများကို ဖယ်ရှားပြီး သူတို့ကို ရက်သတ္တနှစ်ပတ်ကြာ သီးသန့်ခွဲခြားထားတာ သာမန်မဟုတ်တဲ့ စည်းမျဉ်းပါ။ စွန့်စားထိုက်ပါတယ်’’ဟု ခရိုဇီယာက ဆိုသည်။ သီအိုဒိုရုစဗဲ့သင်္ဘောပေါ်မှ အမှုထမ်းမည်မျှတွင် COVID-19 ကူးစက်ခံထားရကြောင်း တိတိကျကျ မသိရသေးပေ။ သင်္ဘောပေါ်တွင် COVID-19 ကူးစက်ခံရသူ အနည်းဆုံး ၁၀၀ ရှိလိမ့်မည်ဟု ဆန်ဖရန်စစ္စကိုခရိုနီကယ်သတင်းစာက ဖော်ပြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ