ရန်ကုန် မေ ၆
ခါးနာခါးကိုက်ဝေဒနာ ခံစားရသူများအနေဖြင့် ဆေးဝါးကုထုံးကို ချက်ခြင်းမရွေးချယ်ဘဲ ခါးကို အပူပေးခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်း ကဲ့သို့သော ဆေးဝါးမဟုတ်သည့် ကုထုံးကို ပထမဦးစားပေး ရွေးချယ် သင့်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် ခါးနာ၊ ခါးကိုက်ဝေဒနာကြောင့် ဆရာဝန်နှင့်ပြသသူဦးရေမှာ အများဆုံးဟုဆိုနိုင်ကြောင်း၊တကယ် တမ်းတွင် Oxycontin နှင့် Vicodin ကဲ့သို့ ဘိန်းဖြူပါသည့် အကိုက်အခဲ အပြင်းစားများကို နောက်မှသာ ရွေးချယ်သင့်ကြောင်း၊ ရှေးဦးစွာ ဆေးဝါး မဟုတ်သော သဘာဝကုထုံးများကို ရွေးချယ်သင့်ကြောင်း သုတေသီ တစ်ဦးက ပြောသည်။
ခါးကိုက်ခါးနာရာတွင် အမှုမဲ့အမှတ်မဲ့နာကျင်ခြင်းနှင့် နာတာရှည် ဝေဒနာဟူ၍ နှစ်မျိုးရှိကြောင်း၊ ရံဖန်ရံခါ အလေးမ၍လည်းကောင်း၊ အထိုင်အထမှားယွင်း၍လည်းကောင်း ခါးနာသွားတတ်ကြောင်း၊ ဆေးကို ချက်ခြင်း ရွေးချယ်ရန်မလိုအပ်ကြောင်း၊ နာတာရှည် ဝေဒနာရှင် များသည်လည်း ဆေးကိုအားမကိုးဘဲ အထူးသဖြင့် ကိုယ်လက်လှုပ်ရှား မှုကို မှန်ကန်ကောင်းမွန်အောင်လုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။
၁၂ ပတ်အောက် ခါးကိုက်ခါးနာခြင်းများအတွက် ကြပ်ထုပ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ကုသခြင်း၊ ကျောရိုးကို နှိပ်နယ်ပေးခြင်းတို့ဖြင့် များစွာသက်သာလာနိုင်စေမည်ဖြစ်ကြောင်း၊ ၁၂ ပတ်ကျော်လျှင်လည်း သဘာဝကုထုံးများကို ဆက်လက်အသုံးပြုနိုင်ကြောင်း၊ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားပေးခြင်း၊ ယောဂလုပ်ခြင်း အစရှိသည်တို့ကို ပြုလုပ် သင့်ကြောင်း သိရသည်။
(သူရိန်)