နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံများသို့ အောက်ဆီဂျင်ခွဲဝေပေးပို့ မှုများ လုပ်ဆောင်ရန် ပျက်ကွက်သည့် အစိုးရ အရာရှိများကို ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း အိန္ဒိယတရားရုံး ထုတ်ပြန်

နယူးဒေလီ  မေ ၆

ဆေးရုံများသို့ အောက်ဆီဂျင်ခွဲဝေပေးပို့မှုများ လုပ်ဆောင်ရန် ပျက်ကွက်သည့် အစိုးရအရာရှိများကို ပြစ်ဒဏ်ပေးမှုများ စတင် လုပ်ဆောင်သွားမည်ဟု နယူးဒေလီတရားရုံးချုပ်က ပြောကြားခဲ့ပြီး ရုံးတော်ကို မထီမဲ့မြင်ပြုသည့် တရားစွဲဆိုမှုများ စတင်လုပ်ဆောင် သွားမည်ဟုဆိုသည်။

မေလဆန်းပိုင်း ထုတ်ပြန်ချက်များအရ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ  သန်း ၂၀ ကျော် ရှိလာပြီး သေဆုံးသူမှာလည်း ၂၂၂,၄၀၈ ဦး ရှိလာခဲ့ပြီဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီးဆေးရုံများတွင်လည်း အောက်ဆီဂျင် လိုအပ်နေသည့် လူနာအရေအတွက်မြင့်တက်နေကာ ယင်းဒေသ များဆီသို့ အိန္ဒိယအစိုးရသည် ရထားများ၊ လေတပ်နှင့် ရေတပ်ကို အသုံးပြု အောက်ဆီဂျင်ဘူးများ အလျင်အမြန်ပေးပို့နေရလျက် ရှိသည်။

ပြီးခဲ့သည့် မေ ၁ ရက်နေ့ကလည်း နယူးဒေလီရှိ ဆေးရုံတစ်ရုံ ၌ မိနစ် ၈၀ ကြာ အောက်ဆီဂျင်ပြတ်လပ်မှု ဖြစ်ပွားခဲ့ရာ ဆရာဝန်တစ်ဦး အပါအဝင် ကိုဗစ်လူနာ ၁၂ ဦး သေဆုံးခဲ့ ဟု ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ဆေးရုံနှစ်ရုံတွင် နောက်ထပ် လူနာ ၁၆ ဦးနှင့် နယူးဒေလီမြို့ ဆင်ခြေဖုံးရှိ ဆေးရုံ တစ်ရုံတွင်လည်း အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် လူနာ ၆ ဦး ထပ်မံသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ နယူးဒေလီတွင် ဗိုင်းရပ်စ်ကူးစက်မှု အကြီးအကျယ်မြင့်တက်နေမှု ကို ထိန်းချုပ်ရန် Lockdown ချထားမှုကို တစ်ပတ် ထပ်မံသက်တမ်း တိုးထားသည်။    
            မျိုးဝင်း ( ref; AP)






အခြားဆက်စပ်သတင်းများ