နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မေ ၇ ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရွေးချယ်ရေးအတွက် သဘောထား ထုတ်ပြန်မည်

နယူးယောက်  မေ ၆

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်အနေဖြင့် ယင်း၏ လာမည့်သက်တမ်းအတွက် ထပ်မံဝင် ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ   မေလ  ၇   ရက်တွင်        အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များစုစည်း၍ သဘောထားထုတ်ပြန်ပွဲကို ပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် ရွေးချယ်ရေးသည် ကုလသမဂ္ဂအတွက် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင်ပင် ပွင့်လင်းမြင်သာသည့် သဘောထားအမြင်များကိုထုတ်ပြန်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တစ်ဦး ရွေးချယ်ခြင်းနှင့် ခန့်ထားခြင်းဆိုင်ရာ သမိုင်းဝင်ဥပဒေတစ်ခုကို ပြဌာန်းနိုင်ခဲ့သည်။

လာမည့်ကာလတွင် ရွေးချယ်ခံမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် လက်ရှိတွင် ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် လျှောက်ထားသူ ၇ ဦး ရှိသည်။ လက်ရှိတာဝန် ထမ်း ဆောင်နေသည့် ဂူတာရက်စ်သည် ( ၉ ) ယောက်မြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် ဘန်ကီမွန်းထံမှ ရာထူးဆက်ခံခဲ့သူဖြစ်ပြီး ၂၀ဝ၅ ခုနှစ် ဇွန်လ မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အထိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ် ၂၀ဝ၂ခုနှစ် အထိ ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။    
                                                မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ