နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုလန်နိုင်ငံရှိ ဝါဆောပြတိုက်တွင် ပထမဆုံးကိုယ်ဝန်ဆောင် မံမီရုပ် အလောင်း တွေ့ရှိ

ဝါဆော  မေ ၆

ဝါဆောအမျိုးသားပြတိုက်တွင် ထိန်းသိမ်းထားသည့် နှစ် သက်တမ်း ၂၀ဝ၀ ရှိ ရုပ်ကြွင်းများကို စကန်ဖတ်ကြည့်ရာမှ ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်အီဂျစ်မံမီရုပ်အလောင်းကို ရှာဖွေ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ပိုလန်သိပ္ပံပညာရှင်များက မေလ ၅ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ မံမီရုပ်လောင်း၏ X-ray ပုံရိပ်များကို ကြည့်ရှုခဲ့ရာမှာ သေဆုံးအမျိုးသမီး၏ ဝမ်းဗိုက်အတွင်း သန္ဓေသားရှိနေခြင်းကိုသိရှိခဲ့ရခြင်းဖြစ်ကြောင်း ဝါဆောတက္ကသိုလ် က ရှေးဟောင်းသုတေသနနဲ့မနုဿဗေဒပညာရှင်များက ပြော သည်။

ဝါဆောအမျိုးသားပြတိုက်တွင်ပြသရန် မံမီစီမံကိန်းချ၍ အလုပ် လုပ်နေကြသည့် သိပ္ပံပညာရှင်များကမူ အဆိုပါ မံမီရုပ်အလောင်း အမျိုးသမီးသည် အသက် ၂၀ နှင့် ၃၀ ကြားရှိပြီး ကိုယ်ဝန် ၂၆ ပတ်မှ ၃၀ ကြားရှိနေကြောင်း သုံးသပ်ပြောကြားထားသည်။
သန္ဓေသားရှိသည်ကို မသိရှိ၍လည်းကောင်း၊ သို့တည်းမဟုတ် ကိုယ်ဝန်ဆောင်ထားသည်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်းလည်းဖြစ် နိုင်ပြီး သေဆုံးသူမံမီရုပ်အလောင်းများနှင့်ပတ်သက်၍ အီဂျစ်တို့ ၏ တမလွန်အယူအဆများကြောင့်လည်း ဖြစ်နိုင်ကြောင်း ပညာရှင် အချို့က ထောက်ပြပြောဆိုသည်။

ကျောက်ဖြင့်ပြုလုပ်ထားသော အခေါင်းပေါ်တွင် ရေးသားထား သောစာများအရ အဆိုပါမံမီကို ဘီစီပထမရာစုနှင့် အေဒီ ပထမ ရာစု အကြား ဘုန်းတော်ကြီးတစ်ပါးက စီမံလုပ်ဆောင်ခဲ့ကြောင်းဖော်ပြ ထားသည်ကို တွေ့ရမည်ဖြစ်သည်။
အဆိုပါ မံမီရုပ်အလောင်းကို ၁၉ ရာစုကတည်းက ပိုလန်နိုင်ငံသို့ ယူဆောင်ခဲ့ခြင်းဖြစ်ပြီး ဝါဆောတက္ကသိုလ်၏ရှေးဟောင်းပစ္စည်း များတွင် တစ်ခုအပါအဝင်ဖြစ်သည့်မံမီရုပ်လောင်းလည်း ဖြစ်သည်။   
ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ