ရန်ကုန် မေ ၁၈
ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ၃၃ လမ်းနှင့် ဆူလေးဘုရားလမ်းမကြီးထက်/လယ်/ အောက်ဘလောက်များတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ရောဂါကင်းဝေးနိုင်စေရန် ဆေးဖျန်းခြင်းလုပ်ငန်းတို့ကို ပုဇွန်တောင်မြို့နယ် ကလျာဏလူငယ်များ ပရဟိတအသင်းဝင်များ၊ ကျောက် တံတားမြို့နယ် မြို့မိမြို့ဖများ၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လမ်းသာယာရေးများ၊ ရပ်မိရပ်ဖ များ၊ ပရဟိတလူငယ်များ၊ ၃၉ လမ်း လမ်းသာယာရေးမိသားစုများပူးပေါင်းကာ မေ ၁၇ ရက် နေ့လယ် ၃ နာရီခွဲက စတင်ဆောင်ရွက်ခဲ့ကြစဉ်။
(NWA)