နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ ကျန်ဒေါင်းဆိပ်ကမ်းအနီးပင်လယ်ဝါအတွင်း သင်္ဘော ၂ စင်း တိုက်မိပြီး ရေနံများ ယိုဖိတ်

ကျန်ဒေါင်း မေ ၆

တရုတ်နိုင်ငံ၊ ကျန်ဒေါင်းဆိပ်ကမ်းမြို့အနီး ပင်လယ်ဝါတွင် လစ်ဗျား အလံတင် ရေနံတင်သင်္ဘော A Symphony နှင့် Sea Justice ကုန်တင်သင်္ဘောတို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နှင်းများထူထပ်စွာကျချိန်တွင် တိုက်မိပြီး ရေနံ ကတ္တရာစေးများ ယိုဖိတ်မှု ဖြစ်ပွားခဲ့သည်။ ကနဦး လေ့လာချက်များအရ ရေနံတန်ချိန် ၅၀ဝ (စည်ပေါင်း၃၄၂၀) ခန့် ယိုဖိတ်နိုင်သည်ဟုခန့်မှန်းထား ပြီး ယင်းပမာဏထက်လည်း ပိုမိုများပြားနိုင်ကြောင်း ရှန်ဒေါင်းပင်လယ် ပြင် ဘေးကင်းလုံခြုံရေးအုပ်ချုပ်မှုအဖွဲ့မှ အမည်မဖော်လိုသူအရာရှိ တစ်ဦးက ပြောကြားသည်။

ရေနံကတ္တရာစေးစည် ပေါင်းသန်းနှင့် ချီ၍ တင်ဆောင်ထားသည့် A Symphony သင်္ဘောသည် ကျန်ဒေါင်း ဆိပ်ကမ်းမှ ရေမိုင် ၁၁ မိုင်အကွာ၌ ကျောက်ချ ရပ်နားထားစဉ် Sea Justice က ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယင်း သင်္ဘောပေါ်မှ ရေနံကတ္တရာစေး တန်ချိန် ၁ သိန်းခွဲသည် ဟောင်ကောင်အခြေစိုက် Run Cheng International Resource (HK) Co ၏ပစ္စည်းများ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရေနံစိမ်းထက် သွင်းကုန်ခွန်ပေး သွင်းရသည့် ပမာဏ ပိုမိုသက်သာသောကြောင့် ရေနံစိမ်းနှင့် ရေနံချက်လုပ်ရာတွင် ထွက်ရှိသည့် အကြွင်းအကျန်များရောနှောနေ သည့် ရေနံကတ္တရာစေးကို တရုတ်ပုဂ္ဂလိက ရေနံစက်ရုံများက ဝယ်ယူကြပြီး ၎င်းတို့ကို လမ်းများအပေါ်ယံအုပ်ခြင်းနှင့် အမိုးများ ကို သုတ်လိမ်းရာတွင် အသုံးပြုကြသည်။      

မျိုးဝင်း (ref;Reuters)






အခြားဆက်စပ်သတင်းများ