နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇွန်လ ဥရောပခရီးစဉ်အတွင်း သမ္မတပူတင်နှင့်တွေ့ဆုံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မျှော်မှန်းထား

ဝါရှင်တန် မေ ၆

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒင်အနေဖြင့် လာမည့် ဇွန်လ တွင် သွားရောက်မည့် ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့်အတူ တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ထား ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဘိုင်ဒင်သည် ဇွန် ၁၁ ရက် မှ ၁၃ ရက်အထိ ဗြိတိန်နိုင်ငံ Cornwall ၌ ကျင်းပပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေး တက်ရောက်သွားမည်ဖြစ်ပြီး G7 အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင် များနှင့်အတူ တစ်နိုင်ငံချင်းသီးသန့် ဆွေးနွေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၄ ရက်တွင် ကျင်းပမည့် နေတိုး(NATO)ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ် မြို့သို့လည်း သွားရောက်မည် ဖြစ်သည်။ ဘိုင်ဒင်က နှစ်နိုင်ငံ အရေးကိစ္စရပ်များအား ဆွေးနွေးရန် လာမည့်နွေရာသီ ဥရောပ ခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့်အတူ ထိပ်သီးအစည်း အဝေးတစ်ခု ပြုလုပ်သွားရန် အဆိုပြုထားကြောင်း အမေရိကန် မီဒီယာက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ အိမ်ဖြူတော်က ယင်း အစည်းအဝေးနှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးကြောင်းသိရသည်။              

ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ