နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ကပ်ကို သန့်စင်ပေးနိုင်သော သဘာဝဖျော်ရည်လေးများ

ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှုပုံစံ စနစ်မကျ ခြင်းကြောင့် ရောဂါဝေဒနာအမျိုးမျိုး ခံစားနေကြရကာ၊ ဆန်းသစ် သော ဝေဒနာများအနက် လူတော်တော်များများ ကျောက်ကပ်ပျက်စီး သောရောဂါကို တွေ့ကြုံနေကြရသည်။ ကျောက်ကပ်၏ လုပ်ငန်း ဆောင်တာမှာ ခန္ဓာကိုယ်ထဲမှ မလိုလားအပ်သောအဆိပ် အတောက် များကိုဖယ်ရှား၍ သွေးကို သန့်စင်ပေးသည်။ အကယ်၍ ကျောက်ကပ် သည် သူအလုပ်လုပ်နိုင်သော ဝန်ဆောင်မှုထက်ပို၍ အလုပ်လုပ်ရ သည့်အခါ ဖိအားများစွာဖြစ်လာပြီး ကျောက်ကပ်ပျက်စီးလာရသည်။ သို့သော် စိတ်မကောင်းမဖြစ်ပါနှင့်။ ကံကောင်းထောက်မစွာဖြင့် မိမိတို့ လက်တစ်ကမ်းတွင် ကျောက်ကပ်ကို ကောင်းကျိူးပြုသော အစားအစာများစွာ ရှိနေကြသည်။ လုံ့လစိုက်ထုတ်၍ ကျောက်ကပ်ကို သန့်စင်ပေးနိုင်သော သဘာဝ ဖျော်ရည်လေးများကို သောက်သုံးရင်း သင့်ကျောက်ကပ်ကို စောင့်ရှောက်ထားနိုင်ပါလိမ့်မည်။

အနီရောင်ဘယ်ရီသီး
ကျောက်ကပ်ကို သဘာဝနည်းဖြင့် သန့်စင်နိုင်ရန်အတွက် ထွေထွေ ထူးထူး ခက်ခက်ခဲခဲ တွေးတောရှာဖွေနေဖို့ မလိုပါ။ Cranberry (ခေါ်) အရသာချဉ်ပြုန်းပြုန်း အနီရောင်ဘယ်ရီသီးလေးများကို သတိရ လိုက်ပါ။ Cranberry သီးလေးတွေက အဆိပ်အတောက် အနည်ကျ ခြင်းကို စွမ်းအားပြည့် ဖယ်ထုတ်နိုင်ပြီး၊ ကျောက်ကပ်ကို ကျန်းမာအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်သည်။  ထို့ပြင် ၄င်းအသီးများက   ဆီး လမ်းကြောင်းနှင့် ဆီးအိမ်အတွင်း ဗက်တီးရီးယားပိုးဝင်ခြင်းတို့ကို  တိုက်ထုတ်ပေးနိုင်ပြီး၊ ကျောက်ကပ်ရောဂါ အမျိုးမျိုးတို့ကိုလည်း ကုစားပေးနိုင်သည်။

သောက်ရေသန့်
ရေများများသောက်ရင်   ကျောက်ကပ်က   အလုပ်ပိုလုပ်ရ၍           ကျောက်ကပ်ပျက်စီးတယ်ဟု လူတချို့က အတွေးမှားနေကြသည်။   အမှန်စင်စစ်ကျောက်ကပ်ပြဿနာအမျိုးမျိုးအတွက် ရေက သဘာဝ ဆေးဖြစ်ပြီး၊ ကျောက်ကပ်ရောဂါ မဖြစ်အောင်လည်း ကြိုတင် ကာကွယ် ပေးနိုင်ပါသည်။ ထို့ကြောင့် တစ်နေ့လျှင် သောက်ရေ ၈ ဖန်ခွက် သောက်ခြင်းဖြင့် သင့်ကျောက်ကပ်ကို ကာကွယ်စောင့်ရှောက်ပါ။ သို့သော် သန့်ရှင်း၍ ဓာတုကင်းစင်သော သောက်ရေသန့်ဖြစ်ဖို့လိုပါသည်။

သကြားမုန်လာဥ။
Beet root (ခေါ်) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံးကလည်း ကျောက်ကပ်အတွက် ဆေးတစ်ပါး ဖြစ်ပါသည်။ Beet rootထဲရှိ betaine ဓာတ်တိုးဆန့်ကျင်ပစ္စည်းဓာတ်က ကျောက်ကပ်အတွင်း ကယ်လ်စီယမ် ဖော့စဖရိတ် ဖြစ်တည်ခြင်းကိုရှင်းထုတ်ပေးကာ၊ ကျောက်ကပ်ကင်ဆာ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးထားနိုင်သည်။ ထို့ကြောင့် Beet root ကို ဖျော်ရည်အဖြစ် တစ်နေ့တစ်ကြိမ် သောက်ပေးသင့်သည်။ သကြားမုန်လာဥကို မြန်မာပြည်၏ အေးမြစိုစွတ်သော  တောင်ပေါ်  ဒေသ ရှမ်းပြည်နယ်တွင် တွေ့ရတတ်သည်။ သူ့အရောင်က  သွေးနီ ရောင် (သို့မဟုတ်) ခရမ်းနီရောင်ဖြစ်ပြီး၊ ဓားဖြင့် လှီးလိုက်သော အခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲ အရည်ရွှမ်းပါသည်။ ဥပုံစံက ကြက်သွန်နီကဲ့သို့လုံးဝိုင်း၍ အပေါ်ယံအခွံ အထပ်ထပ်ဖြစ်နေကာ လက်သီးဆုပ်ခန့် အရွယ်အစားမျိုးဖြစ်သည်။ ဥ၏ထိပ်ပိုင်းမှာ အစိမ်း ရင့်ရောင် (သို့မဟုတ်) စိမ်းညိုရောင်သန်းနေသော ရိုးတံရှည်နှင့်အတူ အရွက်ဖားဖားများပါရှိကြသည်။ ၄င်းအရွက်တွေက မုန်လာဥ(အဖြူ) အရွက်တွေလောက်တော့ မထွားကျိုင်းပေ။

သံပရိုသီး၊ ACV နှင့် သံလွင်ဆီ
သံပရိုသီးက ကျောက်ကပ်ထဲရှိ ကျောက်များကို ကြေပျက်စေသည်။ သံလွင်ဆီက ကျောက်ကပ်ထဲရှိ ကျောက်များ၏ အရွယ်အစားကို သေးငယ်သွားစေနိုင်ပါသည်။ ပန်းသီးရှာလကာရည် (ခေါ်) Apple Cider Vinegar (ACV)က  ဆီးကျောက်တည်ခြင်း  ဝေဒနာကို ကောင်းကျိုးပြုသည်။  သံပရိုသီးအရည် တစ်အောင်စ၊ သောက်ရေ ၁၂ အောင်စ၊ ACV လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်၍ ရလာသောဖျော်ရည်ကိုတစ်ကြိမ်တည်းကုန်အောင်သောက်ပါ။ ၄င်းဆေးဖျော်ရည် ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်သည်။

ဟင်းသီးဟင်းရွက် ဖျော်ရည်
ဟင်းသီးဟင်းရွက်တစ်မျိုးစီမှာ သဘာဝတရားကြီးကပေးစွမ်း ထားသော ကျန်းမာရေးအတွက် အာနိသင်တစ်မျိုးစီပါရှိနေသည်။ ၄င်းဟင်းသီးဟင်းရွက်တွေကို စုပေါင်း၍ စားသောက်ခြင်းဖြင့် ပိုမို၍ ဆေးစွမ်းထက်မြက်လာစေသည်။ တရုတ်နံနံပင်၊ ဂေါ်ဖီ၊ သခွားသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ကိုက်လံ စသည်တို့က ကျောက်ကပ်ကို အထူးဆေးဖက်ဝင်သောဟင်းသီးဟင်းရွက်များ ဖြစ်ကြသည်။ ထို့ကြောင့် ၄င်းဟင်းသီးဟင်းရွက် အားလုံးကိုဖြစ်စေ၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ တပြိုင်တည်း ကြိတ်ချေ၍ဖျော်ရည်အဖြစ်  သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆီး(အရည်)အဖြစ် စွန့်ထုတ် ပေးကာ ကျောက်ကပ်ကိုလည်းသူ့အလိုလို သန့်စင်စေနိုင် သည်။                                                                                                                   ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ