နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နျူကလီးယားအရေးညှိနှိုင်းမှု မေလ မကုန်ခင် လက်တွေ့ကျသည့်ရလာဒ် ထွက်ပေါ်လိုကြောင်း ပြောကြား

ဝါရှင်တန်၊ မေ ၅

အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်တွင် ပါဝင်သည့် သက်ဆိုင်ရာဘက်ပေါင်းစုံ၏ အသစ်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို မေလအစပိုင်းအတွင်း ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ တွင် ဆက်လက်ကျင်းပခဲ့ပြီး သဘောတူညီချက်တွင်ပါဝင်သည့် သက်ဆိုင်ရာဘက်ပေါင်းစုံက မေလကုန်မတိုင်မီ လက်တွေ့ကျသည့် ရလဒ်ထွက်လိုကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦး က ပြောသည်။

ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်ကိုယ်စားလှယ်အဖွဲ့ အရာရှိများက အမေရိကန်အရာရှိနှင့် အလွတ်သဘောညှိနှိုင်းဆွေးနွေး မှုများလုပ်ခဲ့ရာ အီရန်ကိုယ်စားလှယ်မပါဝင်ခဲ့ကြောင်း၊ အီရန်အနေဖြင့် အမေရိကန်သံတမန်နှင့် တွေ့ဆုံရန် မပြင်ဆင်ထားသေးကြောင်း ဗီယင်နာအခြေစိုက် အပြည်ပြည်ဆိုင်ရာအဖွဲ့မှ ရုရှားကိုယ်စားလှယ် Mikhail Ulyanov က ဆိုသည်။

အီရန်၊ အမေရိကန်နှစ်နိုင်ငံ သဘောတူညီချက် ပြန်လည် ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုကို ဧပြီလဆန်းပိုင်းမှစ၍ ဗီယင်နာတွင် ကျင်းပခဲ့သည်။ အီရန်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်းမဟုတ်ဘဲ အခြားတစ်ဖက်မှတစ်ဆင့် စကားလက်ကမ်းညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။ AFP ၏ သတင်းများအရ မေ ၁ ရက် ဆွေးနွေးပွဲသည် တတိယအကြိမ် ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။ AFP ၏ သတင်းများအရ မေ ၁ ရက် ဆွေးနွေးပွဲသည် တတိယအကြိမ် ညှိနှိုင်းခြင်းဖြစ်ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမတိုင်မီ ညှိနှိုင်းလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ လုပ်ငန်းအဖွဲ့ ထပ်တိုးထားရှိ၍ နျူကလီးယားသဘောတူညီချက် ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်ရန် လက်တွေ့အစီအစဉ်များကို လေ့လာစေခဲ့ကြောင်း သိရသည်။             
              
   မျိုးဝင်း(ref;Ap)






အခြားဆက်စပ်သတင်းများ