နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ လေးသိန်းကျော်ထိ ရောက်ရှိ

ရီယိုဒီဂျနေးရိုး၊ မေ ၅

Covid 19 ဖြင့် ဘရာဇီးနိုင်ငံတွင်၂၄ နာရီ အတွင်း ထပ်မံသေဆုံးသူ ၉၈၃ ဦးရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း သေဆုံးသူဦးရေ ၄၀၈,၆၂၂ ဦး သို့ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျန်းမာရေးဌာန၏ စမ်းသပ် စစ်ဆေးမှုများအရ ဘရာဇီးတွင် ကူးစက်မှုအသစ် ၂၄,၆၁၉ ဦး အားတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကူးစက်ခံရသူ ဦးရေ ၁၄,၇၇၉,၅၂၉ ဦး အထိ ရှိလာကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသည် COVID-19 ကြောင့် လူသေဆုံးမှုတွင် အမေရိ ကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားမှုအနေဖြင့်မူ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြီးလျှင် တတိယအများဆုံးဖြစ် ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသည် ကပ်ရောဂါလှိုင်းအသစ်ကို ရင်ဆိုင်နေရပြီး ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းမြင့်တက်နေခြင်းကြောင့် ပြည်သူ့ကျန်းမာရေးစနစ်၏ ကြီးမားသောအစိတ်အပိုင်း တစ်ခု ပြိုလဲခဲ့ကြောင်း သိရသည်။

မျိုးဝင်း (ref;bbc)






အခြားဆက်စပ်သတင်းများ