နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ အိမ်ထောင်သက် ၂၇ နစ် လက်တွဲခဲ့ပြီးနောက် ကွာရှင်းပြတ်စဲတော့မည်ဟု ကြေညာ

ဝါရှင်တန်၊ မေ ၅

မိုက်ခရိုဆော့ဖ်ကုမ္ပဏီပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်နှင့်ဇနီး မယ်လင်ဒါဂိတ် တို့နှစ်ဦးသည် ၂၇ နှစ်ကြာ ပေါင်းသင်းခဲ့ပြီးသည့် နောက် ကွာရှင်းပြတ်စဲတော့မည် ဖြစ်ကြောင်းထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းသတင်းကို မေလ ၃ ရက်နေ့က ဘီလ်ဂိတ်၏ တွစ်တာ အကောင့်မှ နှစ်ဦးသဘောတူ ပူးတွဲကြေညာလိုက်ခြင်းဖြစ်သည်။

၁၉၈၇ ခုနှစ်၌  ဘီလ်ဂိတ်၏  မိုက်ခရိုဆော့ဖ်ကုမ္ပဏီတွင် မယ်လင်ဒါ က Product Manager အဖြစ် အလုပ်ဝင်လုပ်ရင်း ၎င်းတို့ နှစ်ဦးစတင်တွေ့ဆုံခဲ့ သည်။ ထို့နောက် ယင်းနှစ်မှာပင် နယူးယောက် တွင် ပြုလုပ်သည့်  ညစာစားပွဲတစ်ခုတွင် ဆုံကြပြီးသည့်နောက် မယ်လင်ဒါကို ဘီလ်ဂိတ် က နှစ်သက်သွားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းတို့အတွဲသည်ဟာ ဝိုင်အီတွင်လက်ထပ်ခဲ့ကြပြီး အိမ်ထောင်သက် ၂၇ နှစ်အတွင်း သားသမီး ၃ ဦး ထွန်းကားခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် ကမ္ဘာ့အကြီးဆုံး ပရဟိတဖောင်ဒေးရှင်း ကြီးဖြစ်သည့် Bill and Melinda Gates ဖောင်ဒေးရှင်းကို ပူးတွဲ တည်ထောင်ထားပြီး ကွာရှင်းပြီးနောက် ပိုင်းဖောင်ဒေးရှင်းအလုပ်များ ကို ဆက်လက် ပူးပေါင်းလုပ်ကိုင်သွားမည်ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်တွင် ဇနီးမောင်နှံ နှစ်ဦး၏ Bill and Melinda Gates ဖာင်ဒေးရှင်း အနေဖြင့် ကိုရိုနာကပ်ဘေးကူညီတိုက်ဖျက်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့မည်ဟု ကတိပေးခဲ့သည်။                                         

မျိုးဝင်း (ref;AFP)






အခြားဆက်စပ်သတင်းများ