နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုနိုင်ငံတွင် ကောင်းကင်ရထားလမ်းတံတားပြိုကျမှုကြောင့် လူ ၁၅ ဦးထက် မနည်းသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရ မက္ကဆီကို

စီးတီး၊ မေ ၅

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ တောင်ပိုင်းတွင် မေ ၃ ရက်ညပိုင်းက ကောင်းကင်ရထားလမ်း တံတား ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၇၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက မေ ၄ ရက်ညနေက ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ မတော်တဆမှုသည် မေ ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားဖြတ်သန်းသွားစဉ် ကွန်ကရစ် ယက်မ ပြိုကျခဲ့ခြင်းဖြစ်သည်။
 
ယင်းအဖြစ်အပျက်ကြောင့် မက္ကဆီကိုမြို့တော်ဝန်အနေဖြင့် အခင်းဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို လူသိရှင်ကြား ထုတ်ပြန်သွားမည်ဖြစ်ပြီး မတော်တဆမှု ဖြစ်ပွားရသည့်တွက် အလွန်အမင်းဝမ်းနည်းရကြောင်း သတင်းမီဒီယာများရှေ့တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။ လက်ရှိတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပါရထား၏ အခြေအနေတည်ငြိမ် သွားရန်လိုကြောင်း ဒေသခံများက ပြောသည်။

 မျိုးဝင်း (ref;bbc)






အခြားဆက်စပ်သတင်းများ