နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိဘုတ်လှေနှင့် သဲတင်သင်္ဘောတိုက်မိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၂၆ သေဆုံး

ဒါကာ၊ မေ ၄

မေ ၃ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပတ်မာ အမည်ရှိ မြစ်၌ စပိဘုတ်လှေတစ်စင်းနှင့် သဲတင် သင်္ဘောတစ်စင်း  ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားရာ လူပေါင်း ၂၆ ဦး သေဆုံးသွား ကြောင်း ဒေသတွင်း သတင်းဌာနများက ပြောကြားသည်။
ယင်းသို့ဖြစ်ပွားခဲ့ခြင်းမှာ မတော်တဆဖြစ်ပွားမှုတစ်ခုဖြစ်ပြီး နိုင်ငံ၏ ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင်ဖြစ်ပွားခဲ့ကာ လူများစွာလည်း ပျောက်ဆုံးလျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လတ်တလောအချိန်အထိ ရုပ်အလောင်း ၂၆ လောင်းကို ဆယ်ယူရရှိထားပြီး အခြားအသက်ရှင်လျက် လူ ၅ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း အမှုစစ်ရဲအရာရှိ၏ ပြောကြားချက်အရ သိရသည်။
မျိုးဝင်း (ref;Xinhua)






အခြားဆက်စပ်သတင်းများ