နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးထိုးဖို့ ဝန်လေးနေသူတွေကြောင့် ကပ်ရောဂါပပျောက်ရေးအခက်အခဲရှိကြောင်း ICRC ကြေညာ

ဂျီနီဗာ၊ မေ ၄

ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေးထိုးရန် ဝန်လေးနေသည့် လူများကြောင့် Covid-19 ကပ်ရောဂါ လုံးဝကွယ်ပျောက်ရေး တိုက်ဖျက်ရေးမှာ အခက်အခဲဖြစ်နေကြောင်း ICRC ၏ နောက်ဆုံး ကောက်ယူထားတဲ့လူထု သဘောထားစစ်တမ်းတစ်ခုတွင် ကြေညာ လိုက်သည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ နိုင်ငံကို သုတေသနစစ်တမ်းကောက်ယူခဲ့ရာ ၇၉ နိုင်ငံတွင် ကာကွယ်ဆေးထိုးချင်ကြောင်း ဖြေဆိုသူ ၇၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိပြီး ပိုးကူစက်ပြန့်နှံ့မှု ရပ်တန့်သွားစေရန် ပြည်သူ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

စစ်တမ်းရလဒ်များအရ အရေအတွက်ယှဉ်ကြည့်လျှင် ကမ္ဘာ့ လူဦးရေ ၇ ဒသမ ၆ ဘီလီယံထဲမှာ ၁ ဘီလီယံကျော်က ဆေးထိုးမည် မဟုတ်သည်ကိုတွေ့ရကာ ကျန်းမာရေးတာဝန်ရှိသူများမှာမူ ရောဂါပိုး ဒဏ်ခံနိုင်စွမ်းရှိမည့် ခုခံအားလိုကြောင်း ICRC က ယခု တနင်္လာနေ့ က ကြေငြာချက်ထုတ်ပြန်သည်။ လက်ရှိတွင် ပဋိပက္ခဒေသများ၌ စာရင်းကောက်ယူရန် အက်အခဲရှိနေကြောင်းလည်း ICRC က ပြောကြားထားသည်။                      ရဲခေါင် (ref;CNA)






အခြားဆက်စပ်သတင်းများ