မန်ဒလူဟောင်၊ မေ ၄
အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတွေက ဗဟိုဘဏ်အကြီးအကဲများအနေ နှင့် ဘဏ္ဍာရေးဝန်ကြီးတွေက ဒေသတွင်းဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေးအပါအဝင် COVID-19 ကပ်ဘေးရောဂါ ဆိုးဆိုးရွားရွားခံနေရတဲ့ နိုင်ငံများကို ဆက်လက်ထောက်ပံ့ရေးအတွက် မေ ၃ ရက်က ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးမှုကို အာရှဖွံ့ဖြိုးမှုဘဏ် ADB ၏ နှစ်ပတ်လည် ညီလာခံအတွင်း အွန်လိုင်းမှ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ပြဿနာ တုံ့ပြန်ကိုင်တွယ်မှုအပါအဝင် အာရှဒေသ တွင်း ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှုအရေး၊ အဆင့်မြင့် အခြေခံအဆောက်အဦးအရေး၊ အကြွေးကိစ္စ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူနိုင်စွမ်းတို့ကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အတွင်း COVID-19 ကာကွယ်ဆေး ဖြန့်ဝေနိုင်မှုနှင့် ပြန်လည် နားလန်ထူမှုအရှိန်ကောင်းလာပြီး စီးပွားရေးကို ဖြည်းဖြည်း ချင်း ပြန်ဖွင့်လာနိုင်ရန် မျှော်လင့်ကြောင်းလည်း အာဆီယံနှင့် ဆွေးနွေးဖက် သုံးနိုင်ငံ ကြေညာချက်မှာ ဖော်ပြပါတယ်။ အလုံးစုံ ပြန်လည်ထူထောင်ရေး၊ ဘဏ္ဍာရေးပိုင်း ရေရှည်ထိန်းထားနိုင်ရေးနှင့် ငွေကြေးတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ကြရန်လည်း ထည့်သွင်း ကတိပြုခဲ့သည်။
ရဲခေါင် (ref;bbc)