နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေလွှဲစီမံကိန်းတွင် သင်္ဘောများမောင်းနှင်နိုင်စေရန် သံမဏိတံတားကြီးတစ်စင်း တရုတ် တည်ဆောက်

အန်းဟွေး၊ မေ ၄

တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့တွင် ရေလွှဲ စီမံကိန်းကြီးတစ်ခု၏ အစိတ်အပိုင်းအဖြစ် တံတားကြီးတစ်စင်း တည်ဆောက်ခဲ့သည်။ အလေးချိန်အားဖြင့် ၂၁,ဝ၀ဝ တန်ရှိသည့် အဆိုပါ သံမဏိတံတားကြီးသည် တူးမြောင်း အထက်တွင် တည်ဆောက် ထားသည်။
ပင်မတံတားအရှည်မှာ မီတာ ၁၁၀ရှိရာ ယင်းအမျိုးအစားတံတား များထဲတွင် ကမ္ဘာ့အရှည်ဆုံး ပင်မတံတားဟု ဗိသုကာပညာရှင်များ ကဆိုသည်။ “မြစ်ပေါ်က မြစ်”ပုံစံဖြင့် တည်ဆောက်ထားသည့် ရေလွှဲ စီမံကိန်းကြီးသည် အန်းဟွေးပြည်နယ်ရှိ ဟဲဖေနှင့် လူအန်းမြို့နေ ပြည်သူ ၁၃ သန်းအတွက် ရေများပို့လွှတ်ပေးနိုင်မည်ဖြစ်ပြီး သင်္ဘော နှစ်လမ်းမောင်းနိုင်သည့်တူးမြောင်းသဏ္ဍာန် ဖန်တီးတည်ဆောက်ထားကြောင်းသိရသည်။
ရေလွှဲစီမံကိန်းသည် အရှည်အားဖြင့် ၇၂၃ ကီလိုမီတာရှိပြီး စီမံကိန်းပြီးစီးပါက ယန်ဇီမြစ်မှရေများအား Huaihe မြစ်ထဲသို့ ပို့လွှတ်မည်ဖြစ်ကာ တူးမြောင်းတစ်လျှောက်ရှိမြို့ ၁၅ မြို့ထံသို့ ရေပို့လွှတ်နိုင်မည်ဖြစ်သည်။ စီမံကိန်း၏  အဓိက တည်ဆောက်ရေးအား ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်းသိရသည်။                             

ရဲခေါင် (ref; Xinhua)






အခြားဆက်စပ်သတင်းများ