နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်စပ်ပဋိပက္ခများ အဆုံးသတ်ရန် ကာဂျစ္စတန်သမ္မတက ပြည်သူများကို မေတ္တာရပ်ခံ

ဘစ်ရှ်ကက်၊ မေ ၄

ကာဂျစ္စတန်နိုင်ငံသား ၃၄ ဦးသေဆုံးခဲ့ပြီး လူပေါင်းသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် တာဂျစ်ကစ္စတန်နှင့် ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများကို အဆုံးသတ်ရန် နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးနောက် ယင်းသဘောတူညီချက်ကို လေးစားလိုက်နာကြရန် ကာဂျစ္စတန်သမ္မတ ဆက်ဒီယာဂျာပါရော့ဗ် က ပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။

ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်နယ်စပ်တွင် မြေနှင့် ရေပိုင်ဆိုင်မှု နှင့်ပတ်သက်ပြီး လူမျိုးစုအသိုင်းအဝိုင်းကြား မကြာခဏဆိုသကဲ့သို့ ခိုက်ရန်ဖြစ်ပွားလေ့ရှိခဲ့ပြီး ယင်းပဋိပက္ခများတွင် နှစ်နိုင်ငံလုံးမှ နယ်စပ် အစောင့်တပ်ဖွဲ့ဝင်များလည်း ပါဝင်လေ့ရှိသည်။ ဧပြီ ၂၉ ရက်က စတင် ဖြစ်ပွားခဲ့သည့်  နယ်စပ်ပဋိပက္ခသည်  လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း  ၃၀ ကြာ ရှိခဲ့သည့် နှစ်နိုင်ငံလုံး၏သမိုင်းတွင် အဆိုးရွားဆုံး ပဋိပက္ခဖြစ်ခဲ့သည့်အတွက် ပိုမိုတင်းမာလာမည်ကို စိုးရိမ်လျက် ရှိ သည်။

မေလ ၁ ရက်က လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် နယ်စပ်တွင် ပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီအတွင်း ပစ်ခတ်မှုများမရှိခဲ့ဘဲ နယ်စပ်ဒေသတည်ငြိမ်ရေး ကို ထိန်းသိမ်းရန် နှစ်ဘက်စလုံးမှ အတွေ့အကြုံရင့်ကျက်သည့် သက်ကြီးပုဂ္ဂိုလ်များပါဝင်သည့်  ငြိမ်းချမ်းရေးထိန်းသိမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ဂျာပါရော့ဗ်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ မေလ ၁ ရက်တွင် အပစ်အခတ်ရပ်စဲသော်လည်း တိုက်ခိုက်မှုများ အနည်းငယ်ဖြစ်ပွားခဲ့ပြီး  မေလ ၁ ရက်မွန်းလွဲပိုင်းမှစတင်ကာ တစ်ဘက်နှင့် တစ်ဘက်ပစ်ခတ်မှုဖြစ်စဉ်များ မရှိတော့ကြောင်း ကာဂျစ္စတန်အမျိုးသား လုံခြုံရေးကော်မတီကဆိုသည်။
မျိုးဝင်း (ref;AP)






အခြားဆက်စပ်သတင်းများ