နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နံနက်စာ မစားပါက ကိုယ်အလေးချိန်ကျဆင်းမှု နှေးကွေးပြီး နှလုံးကိုပါ ထိခိုက်စေနိုင်

ကိုယ်အလေးချိန် ကျဆင်းလို၍ဖြစ်စေ၊ အကျင့်ဖြစ်နေ၍ဖြစ်စေ၊ နံနက်စာမစားသူများတွင် ကိုယ်အလေးချိန်ကျဆင်းမှု နှေးကွေးနိုင်ပြီး နှလုံးကို အန္တရာယ်ပိုဖြစ်စေနိုင်သည့်အတွက် နံနက်စာကို မပျက်မကွက် စားပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားခြင်း၊ နှလုံးကိုစောင့်ရှောက် ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သုတေသီများက ထုတ်ပြန်ကြေညာ သည်။

တစ်နေ့တာ အစားအစာများတွင် နံနက်စာသည် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ နံနက်စာတွင် တစ်နေကုန် လိုအပ်မည့် ကယ်လိုရီကို ပြည့်ဝအောင်စားပေးခြင်းဖြင့် နေ့လယ်စာ၊ ညစာအစရှိသည်တို့ကို လျှော့ပေါ့စားသုံး နိုင်မည်ဖြစ်သည့်အတွက် ကိုယ်အလေးချိန်ကိုထိန်းထား နိုင်ပြီး နှလုံးအတွက်လည်း ကောင်းကျိုးရရှိစေမည်ဖြစ်ကြောင်း သုတေသီ များက ပြောသည်။
နံနက်စာမစားသူဦးရေ များလာသည်နှင့်အမျှ အဝလွန်သူဦးရေ သည်လည်း များလာကြောင်း၊ နံနက်စာကို နေ့စဉ်ပုံမှန်စားပေးသူများတွင် ကိုလက်စထရောမြင့်မားခြင်း၊ သွေးတိုးခြင်း အစရှိသည်တို့ဖြစ်ပွားမှုလည်း လျော့နည်းလေ့ရှိကြောင်း၊ နံနက်စာမစားသူများသည် ကိုယ်အလေးချိန် လွန်ကဲနေခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဆီးချိုဖြစ်ပွားခြင်း အစရှိသည့် ဝေဒနာများကို ခံစားရလေ့ရှိကြောင်း သိရသည်။

ထို့အပြင် အစားအစာကို နေ့စဉ်အချိန်မှန်စားသောက်ရန် လိုအပ် ကြောင်း၊ အစာစားချိန်ကို အမျိုးမျိုးပြောင်းလဲပေးလျှင် အစာမကြေခြင်း၊ အဆီမချေဖျက်နိုင်ခြင်းမှသည် နှလုံးကိုထိခိုက်စေခြင်းအထိ ဆိုးကျိုး များလာနိုင်ကြောင်း၊ ဘက်စုံကျန်းမာရေး ကောင်းမွန်စေရန်  နေ့စဉ် အချိန်မှန် စားသောက်ပေးတတ်ရန် အလွန်အရေးကြီး ကြောင်း သုတေသီ တစ်ဦးက ပြောသည်။                                                          (သူရိန်)






အခြားဆက်စပ်သတင်းများ