လူ့ဘဝက ရခဲပါတယ်။ ဒီလိုရခဲလှတဲ့ လူ့ဘဝမှာ သက်တမ်းစေ့ နေနိုင်ဖို့အတွက် အောက်ပါနည်းလမ်း အသွယ်သွယ်တို့ဖြင့် ကြိုးစား အားထုတ်ကြည့်စေလိုပါတယ်။ သင် ဆေးလိပ်စွဲနေသူ တစ်ယောက် ပါလား။ သင့်အတွက်သာမက၊ သင့်မိသားစုပတ်ဝန်းကျင်ကိုပါ ဘေးသင့် စေသော ဆေးလိပ်၏ ဆိုးကျိုးများအကြောင်းကို ထပ်ခါထပ်ခါ သတိရ လိုက်ပါ။ ဆေးလိပ်ကို တိကနဲဖြတ်ခြင်းဖြင့် သင့်သက်တမ်း နောက်ထပ် ၆ နှစ် (သို့မဟုတ်) ၈ နှစ်ပို၍ နေနိုင်တော့မှာ ဖြစ်ပါတယ်။ နေ့စဉ် နာရီ ဝက်ခန့် လေ့ကျင့်ခန်းလုပ်ပါ (သို့မဟုတ်) နာရီဝက်တိတိ မရပ်မနား လမ်းသွက်သွက် လျှောက်ပါ။ ဓာတ်လှေခါး၊ စက်လှေခါးတွေကိုမသုံးဘဲ ပုံမှန်လှေကားထစ်မှ အတက်အဆင်းပြုလုပ်ပါ။ ဤသို့ပြုမူ နေထိုင်ခြင်းက စိတ်ခံစားမှု၊ အဆုပ်၊ နှလုံးတို့ကို ကျန်းမာစေပြီး နောက်ထပ် လေးနှစ် အသက်ပိုရှည်စေပါတယ်။
ဒိုးနတ် နှင့် အာလူးအကြွပ်ကြော်တွေကိုမစားဘဲ၊ ပန်းသီး (သို့မဟုတ်) အရည်ရွှမ်းသောသစ်သီး (သို့မဟုတ်) ခရမ်းချဉ်သီးဖျော်ရည် (သို့မဟုတ်) ဟင်းသီးဟင်းရွက်များများပါတဲ့ အသုပ် တို့ကို သွားရည်စာအဖြစ် အဆာပြေစားပါ။ သွေးလည်ပတ်မှု အားကောင်း ခြင်း၊ ခန္ဓာ ကိုယ်တွင်း အဆိပ်အပုပ်ရှင်းခြင်း၊ မကောင်းသော ကိုလက်စထရောကျခြင်းတို့အပြင် အဝလွန်ရောဂါ၊ ကင်ဆာ နှင့် နှလုံးရောဂါတို့မှ ကာကွယ်ပေးခြင်း စသဖြင့် အသက်ရှည်၍ အနာမဲ့စေမှာဖြစ်ပါတယ်။ (သို့သော် မိမိရွေးချယ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့က သန့်ရှင်းလတ်ဆတ်ပြီး ပိုးသတ်ဆေး ကင်းစင်သော သဘာဝ အော်ဂဲနစ်မျိုးတွေ ဖြစ်ဖို့လိုပါတယ်) နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်းတွဲတွေ လွှမ်းမိုးမှုကြောင့် အတုယူမှားကာ ယနေ့ မြန်မာနိုင်ငံမှာ အရက်၊ ဘီယာ၊ သောက်သုံးမှုတွေ များလာကြပါတယ်။
သွေးလည်ပတ်မှုကောင်းစေဖို့အတွက် ဆေးဝါးဖြစ် မှီဝဲခြင်း ဆိုသော်လည်း၊ အမျိုးသားများက တစ်နေ့နှစ်ခွက်ထက်ပို၍သော်လည်းကောင်း၊ အမျိုးသမီးတွေကတစ်နေ့ကို တစ်ခွက်ထက် ပို၍သော်လည်းကောင်း သောက်မိတဲ့အခါ အသည်းနဲ့ ပန်ကရိယ(မုံ့ချိုအိတ်)တို့ကို ဆိုးဆိုး ရွားရွား ဘေးဖြစ်စေပါတယ်။ ဒါ့ပြင် အခြားသော ကျန်းမာရေး၊ လူမှုရေးတို့ကိုလည်း ထိခိုက်စေပါတယ်။ တစ်နေ့ကို ဝိုင်နီတစ်ခွက်ပုံမှန်သောက်ခြင်းက ဆီးချိုရောဂါ နဲ့ နှလုံးသွေးကြောရောဂါတွေ ဖြစ်မလာအောင် ကြိုတင် ကာကွယ်ရာရောက်ပါတယ်။ တစ်ကိုယ်တည်း အထီးကျန်ခြင်းဟာ ထိတ်လန့်ခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ကိုလက်စထရော မြင့်မားခြင်းစတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေ နိုင်ပြီး အရွယ်ရင့်အသက်တိုစေပါတယ်။ ဒါကြောင့် ချစ်ခင်ရသော မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတို့ဖြင့် မိမိဘဝကို သာယာစိုပြေအောင် ကြိုးစားဖန်တီးပါ။
အသားအရေနုပျိုခြင်းက မိမိကိုယ်ကိုယုံကြည် မှု ပိုလာစေတာကြောင့် စိတ်ကြည်လင် လန်းဆန်း၍ စိတ်ပျိုကိုယ်နု စေပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာတဲ့ ခရမ်းလွန် ရောင်ခြည်အန္တရာယ်မှ ကာကွယ်ဖို့အတွက် နေ့ဘက် အပြင်ထွက်တဲ့အခါ မျက်နှာ နဲ့ ခြေလက်တွေကို SPF ၃၀ (သို့မဟုတ်) ၄င်းထက်ပိုသော နေလောင်ကာကရင်မ်တွေလိမ်းပေးပါ။ ဤသို့မိမိအသားအရေကို စောင့်ရှောက်ခြင်းက တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းစက်ပြောက်ထွက်ခြင်း၊ အသားအရေတွန့်ခြင်းတို့မှ ကာကွယ်ပေးတဲ့အပြင် အရေပြားကင်ဆာ ရောဂါမှလည်းကြိုတင်ကာကွယ်ရာရောက်ပါတယ်။ သင်ဟာ တစ်နေ့ လျှင် လေးနာရီတိတိကြာအောင် ထိုင်၍ ရုပ်သံတီဗီစွဲလမ်းနေသူ ဖြစ်နေပြီလား (သို့မဟုတ်) ကွန်ပျူတာအင်တာနက် စွဲလမ်းသူလား (သို့မဟုတ်) ဂိမ်းစွဲနေသူလား။ အဖြေက "ဟုတ်ပါတယ်" ဆိုရင်တော့ သင့်ရဲ့နေထိုင်မှုဘဝပုံစံကို ချက်ချင်းပြောင်းလဲပစ်ဖို့ လိုပါပြီ။ တီဗွီ (သို့မဟုတ်) ကွန်ပျူတာ (သို့မဟုတ်) အီလက်ထရောနစ်ပစ္စည်းရှေ့မှာ အချိန် ၂ နာရီထက်ပို၍ မထိုင်ပါနဲ့။ မကြာခဏထ၍ အညောင်းပြေ လမ်းလျှောက်ခြင်း၊ အဝေးသို့လှမ်းမျှော်ကြည့်ခြင်း လုပ်ပေးပါ။ အိပ်ယာ ဝင်ခါနီး အနည်းဆုံးနာရီဝက်ခန့် အလိုမှာ ၄င်းဖန်သားပြင်တွေကိုလုံးဝ မကြည့်သင့်တော့ပါဘူး။ ချစ်တင်းနှောခြင်းဟာလည်း ဆေးတစ်ပါး ဖြစ်ပါတယ်။
စိတ်ပါလက်ပါဖြင့် ချစ်တင်းနှောခြင်းက စိတ်ပျိုကိုယ်နုစေရုံ သာမက၊ နှလုံးကျန်းမာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း၊ ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားခြင်း၊ သွေးတိုးရောဂါ ကျစေခြင်း၊ ကယ်လိုရီများစွာလောင်မြိုက်ခြင်း၊ ခန္ဓာကိုယ် အကျိုးပြု ဟိုမုန်းတွေ တိုးပွားလာခြင်း စသဖြင့် သက်ရှည်ကျန်းမာစေပါတယ်။ အစားအစာကို တနင့်တပိုးမစားပါနှင့်။ ဂျပန်လူမျိူးတွေ ဘာကြောင့် အသက်ရာကျော် နေနိုင်ကြပါသလဲ။ လျှို့ဝှက်ချက်ကတော့ အစားအစာ ကို စည်းစံနစ်ဖြင့် ချင့်ချိန်စားတတ်လို့ပါပဲ။ ထမင်းစားနေစဉ် ရေနွေး ကြမ်းပူပူသောက်လေ့ရှိသော ၄င်းလူမျိုးတို့ရဲ့ အလေ့အထလည်း အတုယူစရာဖြစ်ပါတယ်။
ပေါက်ပေါက်