COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေကျဆင်းသွားရာ ထိုင်းနိုင်ငံတွင် အစာရေစာငတ်ပြတ်နေသည့် ဆင်အကောင်ရေ ၁၀၀၀ ကျော်ရှိကြောင်း သားရဲတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်သူများက ပြောသည်။ ခရီးသွားဝင်ရောက်မှု မရှိသလောက် ဖြစ်သွားခြင်းကြောင့် ဆင်စခန်းများ၏ ထိန်းသိမ်းသူများမှာ ဆင်စာဖိုး မတတ်နိုင်အောင် ဖြစ်နေသည်။ ထိုင်းနိုင်ငံ၏ ဆင်စခန်းများတွင် ဆင်အကောင်ရေ ၄၀၀၀ ရှိပြီး ဆင်တစ်ကောင်မှာ တစ်နေ့လျှင် အစားအစာ ၂၀၀ ကီလိုဂရမ်အထိ စားနိုင်စွမ်းရှိသည်။ ပြီးခဲ့သည့်တနင်္လာနေ့က ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၂၇ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၆၅၁ ဦးအထိ ရှိလာသည်။ ''ဘေးကင်းလုံခြုံအောင် ထိန်းထားနိုင်ဖို့ အထောက်အပံ့မရဘူးဆိုရင်တော့ ဒီဆင်တွေ အစာငတ် သေရင်သေ၊ မသေရင် လမ်းပေါ်မှာ အစာလျှောက်တောင်းနေပါလိမ့်မယ်။ ဆင်တချို့မှာ ဇီး(ကိုယ်ဝန်)ရှိနေပါတယ်''ဟု Save Elephant Foundation ကို တည်ထောင်သူ လက်ချိုင်းလတ်က ပြောသည်။ Ref:BBC(KNT)