မန္တလေး၊ မေ ၁၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုစက်တပ်ဆင်ခြင်းလုပ်ငန်းအဆင့်ဆင့်ပြီးစီးမှုများနှင့် အဆောက်အအုံ ပြင်ဆင်မှုများကို မေ ၁၇ ရက် နံနက် ၉ နာရီက မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၄ လမ်းနှင့် ၆၅လမ်းကြားရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခွဲ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ်။
မောင်ပြည်သူ(မန္တလေး)