နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘယ်နည်းပြကိုင်ကိုင် ဖလားရနေတဲ့ ဂျူဗင်တပ်စ်ပီယာလိုကိုင်မှ ဖလားလက်လွှတ်ဖြစ်ခဲ့ရ

မေ ၃

စနေနေ့ည စီးရီအေပွဲစဉ်မှာ အင်တာရဲ့နိုင်ပွဲကြောင့် ဂျူဗင်တပ်စ် တို့ ဒီရာသီမှာ ၉ နှစ်ဆက်တိုက်ရခဲ့တဲ့ စီးရီအေဖလားကို လက်လွှတ်ရဖို့ သေချာသွားခဲ့ပါပြီ။ မနှစ်ကဖလားရခဲ့တဲ့ ဆာရီ ကို မကြိုက်လို့ဆိုပြီး ထုတ်ခဲ့သလို နည်းပြအတွေ့ကြုံမရှိတဲ့ ပီယာလိုကို အသင်းကြီးကိုတန်းတာဝန်ပေးလိုက်တာ ပိုဆိုးစေခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ပေါ်တိုကိုရှုံးပြီး ထွက်ခဲ့ရ၊ စီးရီအေ မှာလည်း ဖလားမရ၊ ချန်ပီယံလိဂ်ဝင်ခွင့်ပါ မသေချာတဲ့ထိ အခြေအနေဆိုးနေခဲ့ပါတယ်။ ဂျုဗင်တပ်စ်ရဲ့ လူစာရင်းအရ နောက်တန်းမှာ ဒီလစ်လို လူငယ် ကြယ်ပွင့် တွေအပြင်ကွင်းလယ်မှာ ရာဘီယော့၊ အာသာ၊ မက်ကင်နီ တို့ရှိနေပြီး တောင်ပံမှာ ချီယေဆာ၊ ကူလူစကီးတို့ အားဖြည့်ထားသလို တိုက်စစ်မှာလည်း ရော်နယ်ဒိုရှိပြီးသား တိုက်စစ်ကို မိုရာတာကို အားဖြည့်ပေးထားတာပါ။
ဒါကြောင့် ဂျုဗင်တပ်စ်ရဲ့အဓိကလိုအပ်ချက်ကတော့ ထိရောက်တဲ့ နည်းစနစ်တစ်ခုကို မဖော်ထုတ်နိုင်တဲ့အပြင် ကစားသမားတွေ ကိုသူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်အောင်‌ နေရာမချထားနိုင်ခဲ့တာက တော့နည်းပြ ပီယာလိုရဲ့ အားနည်းချက်လို့ပြောရမှာပါ။ ဂျူဗီလို ခံစစ်မာကျောတဲ့အသင်းအနေနဲ့ Clean Sheet ၈ ပွဲသာရခဲ့တာတော့ စိတ်ပျက်စရာပါ။ ၉နှစ်ဆက်တိုက်ကွန်တီ၊အယ်လီဂရီ၊ဆာရီဘယ်သူကိုင်ကိုင်ရနေတဲ့ဖလားတွေ ပီယာလိုကိုင်မှ လက်လွှတ်ခဲ့ရတာဟာ နည်းပြရဲ့အရည်အသွေးနဲ့ အတွေ့ကြုံအားနည်းလွန်းလို့ပြောရမှာပဲဖြစ်ပါတယ်။                                                                    (SO)






အခြားဆက်စပ်သတင်းများ