နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ရန် နီးစပ်နေဟု တိုက်စစ်မှူး နေမာ ပြော

မေ ၃

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာက အသင်းနှင့် လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေ သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ နေမာသည် ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၂၂ သန်းဖြင့် ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အသင်းနှင့်စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းကလည်း နေမာကို လက်မလွှတ်လိုသည့် အတွက် လက်ရှိဘောလုံးရာသီ အစပိုင်းကတည်းက စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လေးနှစ်စာချုပ် ချုပ်ဆိုရန် နီးစပ်နေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပီအက်စ်ဂျီအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။ အသင်းနှင့် လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့  နီးစပ်နေပါပြီ။  အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်”ဟု နေမာက ပြောကြားခဲ့သည်။
(သူရိန်)






အခြားဆက်စပ်သတင်းများ