နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ထိန်းချုပ်ရေးထက် ရွေးကောက်ပွဲ ဦးစားပေးသည်ဟုဆိုကာ အိန္ဒိယဝန်ကြီးချုပ် ဝေဖန်ခံနေရ

နယူးဒေလီ၊ မေ ၃

အိန္ဒိယဝန်ကြီးချုပ် မိုဒီအနေဖြင့် လက်ရှိအဖြစ်များနေသည့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကို အဓိကအာရုံမစိုက်ဘဲ ရွေးကောက်ပွဲ အနိုင်ရရေးကိုသာ ဦးစားပေးနေသည်ဟုဆိုပြီး ဝေဖန်ခံရမှုများ ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။  

ရောဂါကူးစက်မှု ပြင်းထန်နေချိန်တွင် အိန္ဒိယ ဗဟို ရွေးကောက်ပွဲ ကော်မရှင်၏ ကိုင်တွယ်မှုမှာ အားနည်းနေပြီး နိုင်ငံရေးပါတီများသို့ လူအစုအပြုံလိုက် စုဝေးတက်ရောက်ခြင်း၊ မဲရုံများတွင် လူများ တန်းစီမဲပေးနေခြင်းတို့ကြောင့် ဝေဖန်ခံရမှုများ မြင့်တက်လာသည်။ ထို့ကြောင့် ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက်မြင့်မားစေမည့်အပြင် သေဆုံးမှုလည်း တိုးလာမည်ဖြစ်ကာ တစ်ရက်အတွင်း လေးသိန်းနီးပါး အထိ ရှိလာပြီဖြစ်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိလာခဲ့သည်။

ကိုဗစ်ကူးစက်မှုများကြား  အနောက်ဘန်ဂေါပြည်နယ်တွင် ကျင်းပ နေသည့်  နိုင်ငံရွေးကောက်ပွဲတွင် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee ၏ TMC ပါတီက အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ အာဏာရ BJP ပါတီကို အနိုင်ရလျက်ရှိနေသည်။
ရဲခေါင် ( ref;bbc)






အခြားဆက်စပ်သတင်းများ