နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ မေ ၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုဝင်များအတွက် မိသားစုသုံးပစ္စည်း ၊ တစ်ကိုယ် ရေသုံးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ ပါဝင်သည့်ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၁ ရက် နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုဝင်များထံ သွားရောက် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
 
ထိုသို့ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်း များ ထောက်ပံ့ပေးရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြည်သူ့ အကျိုးပြု ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ကူညီထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကို ရှင်းလင်းဆွေးနွေးပြောကြားကာ မီးဘေး သင့် အိမ်ထောင်စု တစ်စုလျှင် မိသားစုသုံးပစ္စည်း ၊ တစ်ကိုယ်ရေသုံး ပစ္စည်း၊ အိမ်ဆောက်ရန်အသုံးပြုပစ္စည်းများနှင့် ရေသန့်ဘူးကြီး(၁) ဘူးစီတို့ကို လက်ဝယ်အရောက် ကူညီထောက်ပံ့ပေးအပ်၍ အားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။

 ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ