နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာသန်စွမ်းသည့် ဆံပင်အလှအတွက် မီးဖိုချောင်ထဲမှ လျှို့ဝှက်ချက်များ‌

မေ ၂

ကျန်းမာသည့် ဆံပင်ပိုင်ရှင်များဖြစ်ချင်သည်မှာ လူသားတိုင်း ဆန္ဒပင်ဖြစ်သည်။ သဘာဝနှင့် မွေးရာပါ ဗီဇအရ လူတိုင်းသည် အမျိုးမတူသည့် ဆံပင်အမျိုးအစားများပိုင်ဆိုင်ထားကြသည်။ ကျန်းမာသန်စွမ်းပြီး ဆံပင်ပြုပြင်ခြင်းဆိုင်ရာ နည်းလမ်းများအတွက် မီးဖိုချောင်တွင်ရှိသော အရာလေးများဖြင့် အန္တရာယ်ကင်းကင်း ပြုလုပ်နိုင် ရန် ဖော်ပြပေးလိုက်သည်။

သံလွင်ဆီနှင့် ကြက်ဥ
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် ကြက်ဥနှစ်လုံးကို ရောမွှေ လိုက်ပါ။ ထို့နောက် မိမိ၏ဆံပင်တွင် သုတ်လိမ်းပေးပြီး မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော်ရည်မလိုဘဲ ရေဖြင့်သာ ခေါင်းလျှော်ပေးပါ။ သံလွင်ဆီမှာ မိမိဆံပင် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ကြက်ဥမှာ ဆံပင်ကို ပရိုတိန်းဓာတ်ပေးစွမ်းသည့်အတွက် ဆံပင်ကို သန်သန်မာမာနှင့် ကြီးထွားစေနိုင်မည်ဖြစ်သည်။

ပန်းသီး ဗီနီကာနှင့် သံပရာသီး
ပန်းသီးမှ ထုတ်ထားသည့် ဗီနီကာရည်ကို တစ်ခွက်၏ လေးပုံတစ်ပုံခန့် အချိုးချပြီး လတ်လတ်ဆတ်ဆတ် သံပရာရည်ညှစ်ထားသည့်အထဲ ပေါင်းထည့်ပါ။ ထို့နောက် ဆံပင်တွင် ၁၅ မိနစ်ခန့်ထားပြီး အဆီများကို စုပ်ယူ ပါစေ။ ပြီးမှ ရေဖြင့် ဆေးချပါ။ ပန်းသီး ဗီနီကာမှာ အဆီပြန်သည့် ဆံပင်အတွက် အကောင်းဆုံး Conditioner  ပေါင်းတင်ဆေးဖြစ်ပြီး ဆံပင်ကို ပျော့ပျောင်းစေကာ လှပစေသည်။ ဆံပင်ကို PH အဆင့်အထိ သန့်စင်မှုပေး နိုင်ပြီး ဘက်တီးရီးယားများကို သေစေနိုင်သည်။ ထို့အပြင် ဘောက်ထခြင်းကိုလည်း ပျောက်ကင်းစေသည်။

ထောပတ်သီးနှင့် ပျားရည်
ထောပတ်သီးကို အနှစ်ခြစ်ယူပြီး သဘာဝပျားရည် ထမင်းစား ဇွန်းတစ်ဇွန်းဖြင့် ရောပြီး မိမိဆံပင်ကို မိနစ် ၂၀ ခန့် နှပ်ထားပေးပါ။ ပြီးလျှင် ရေဆေးချပါ။ ထောပတ်သီးမှာ ဗီတာမင်နှင့်အာဟာရဓာတ်တို့ ကြွယ်ဝပြီး ဗီတာမင်-E နှင့် ပရိုတိန်းဓာတ်နှစ်မျိုးစလုံး ပါဝင်နေသည့် အတွက် ယခုလို ပေါင်းတင်ပေးပါက နူးညံ့ပြီး ကျန်းမာသည့်ဆံပင်အလှကို ရရှိစေမည်ဖြစ်သည်။ ပျားရည်မှာ ဆံပင်တွင် ကပ်ငြိနိုင်သည့် သဘာဝ ပိုးမွှားငယ်များကို ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ