နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားကမ်းရိုးတန်းအနီး တရားမဝင်ရွှေ့ပြောင်းသူများ ကယ်ဆယ်ရေး ဆောင်ရွက်

ထရီပိုလီ မေ ၂

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းအနီး မှ တရားမဝင် ရွှေ့ပြောင်းသွားလာသူသုံးရာ ကျော်ကို    ကယ်ဆယ်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR) က ဧပြီ ၃၀ရက် ရက်စွဲဖြင့် ကြေညာလိုက်သည်။ကယ်ဆယ် ခံရသူ စုစုပေါင်းမှာ ၃၄၀ ဝန်းကျင်ရှိပြီး ယင်းတို့ကို UNHCR နှင့် IRC (နိုင်ငံ တကာ ကယ်ဆယ်ရေးကော်မတီ) တို့မှ အရေးပေါ် ဆေးဘက်ဆိုင်ရာနှင့်လူသား ချင်းစာနာထောက်ထားမှု အကူအညီ များကို ဦးစွာပေးအပ်ခဲ့သည်။                              
မြေထဲပင်လယ်ကိုဖြတ်ကာ   ဥရောပ  ကမ်းခြေများသို့ ရောက်ရှိ ရန် ကြိုးစားလိုသူ များအတွက် လစ်ဗျားနိုင်ငံသည် အဓိက နေရာတစ်ခုဖြစ်လာကာ ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း၏ အဆိုအရ ယခုနှစ်အတွင်း လစ်ဗျားကမ်းရိုးတန်းမှ အမျိုးသမီးနှင့် ကလေးများအပါအဝင် တရားမဝင်  ရွှေ့ပြောင်း သွားလာသူ   ၆,ဝ၀ဝ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း  သိရသည်။                    

ရဲခေါင် ( Ref;Xinhua)






အခြားဆက်စပ်သတင်းများ