နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယသို့ ခရီးသွားလာခွင့် တားမြစ်ချက် ချိုးဖောက်သော သြစတြေးလျနိုင်ငံသားများကို ထောင်ဒဏ်ချမှတ်မည်

ကန်ဘာရာ မေ ၂

အိန္ဒိယတွင် ရောက်ရှိနေသော သြစတြေးလျနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လာ ရန် တားမြစ်ခံထားရပြီးယင်းကိုချိုးဖောက်ပါကထောင်ဒဏ် ၅ နှစ် အထိကျခံ ရနိုင်ကြောင်းကျန်းမာရေးဝန်ကြီး Greg Hunt က ဆိုသည်။ ယင်းထုတ်ပြန်ချက် တွင် ပါရှိချက်အရ မေလ ၃ ရက်မှစ၍ မည်သည့်ခရီးသွားမဆိုအိန္ဒိယတွင် ၁၄ ရက် အတွင်းနေထိုင်ခဲ့ပြီးမှ သြစတြေးလျနိုင်ငံသို့ ဝင်ရောက်လာလျှင် ပြစ်မှုဆိုင်ရာ တရားစွဲဆို ခြင်းခံရမည်ဖြစ်ကြောင်း Hunt က ပြောကြားခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ နိုင်ငံအနေဖြင့် ယင်းကိစ္စ နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများကိုထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးခြင်း၊ သြစတြေးလျဒေါ်လာ ၆၆,ဝ၀ဝ (အမေရိကန်ဒေါ်လာ ၅၀,၈၇၆ ဒသမ ၂) အား ဒဏ်ရိုက်ခြင်းသို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ် ၂ ရပ်လုံးချမှတ်ခြင်းတို့ကိုလုပ်ဆောင်နိုင်ကြောင်း သြစတြေးလျအသံလွှင့်ဌာနတစ်ခုတွင် ဖော်ပြထားသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံမှ လာသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်အားလုံးကိုမေ ၁၅ ရက်အထိ ခေတ္တ ရပ်နားထားသော်လည်း ဒိုဟာမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများ ရှိသဖြင့် လစ်ဟာမှုများဖြစ်မည်ကိုအစိုးရအနေဖြင့် စိုးရိမ်နေရကြောင်းသိရသည်။            

ရဲခေါင် (ref;bbc)






အခြားဆက်စပ်သတင်းများ