နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်တွင် အခြေစိုက်ထားသည့် နေတိုးတပ်များ တပ်စခန်းရုပ်သိမ်းမှုများစတင်

ကဘူးလ် မေ ၂

အာဖဂန်နစ္စတန်တွင် အခြေစိုက်ထားသည့် အမေရိကန်နှင့် နေတိုးတပ်များသည် မေလ ၁ ရက်မှ စ၍ တပ်စခန်း ရုပ်သိမ်းမှုများစတင်နေပြီဖြစ်ပြီး တပ်စခန်းရုပ်သိမ်းမှု လုပ်ငန်းစဉ်ကို စက်တင်ဘာလ ၁၁ ရက်  နောက်ဆုံးထားပြီးအပြီးသတ်   ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ညွှန်ကြားထားသည်။ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်များအပြီးသတ်ဆုတ်ခွာမှု မစတင်ခင်တစ်ရက်အလိုတွင် အကြီးစားအသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အနည်းဆုံးလူ ၂၁ ယောက် အသက်ဆုံးရှုံးခဲ့ရကာ လူ ၉၁ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရထားသူ အသက်အန္တရာယ်စိုးရိမ်ရသူများ ပါဝင်နေပြီး စုံစမ်းစစ်ဆေးမှုများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပြီဖြစ်ကြောင်း အာဖဂန်နစ္စတန် ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားသည်။  အသေခံဗုံးခွဲသမားသည် ကုန်တင်ကားဖြင့် ပူလ်အီးအလမ်အမည်ရှိ မြို့မှ တည်းခိုရိပ်သာကိုဝင်တိုက်ပြီး အကြမ်း ဖက်မှုကို ကျူးလွန်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။                      

ရဲခေါင် (Ref;bbc)






အခြားဆက်စပ်သတင်းများ