နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယားနှင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို သံတမန်နည်းအရဆွေးနွေးမည်ဟု အမေရိကန် ကြေညာချက်ထုတ်

ဝါရှင်တန်  မေ ၂

အစိုးရသစ်မူဝါဒနှင့် ပတ်သက်၍ပြန်လည်သုံးသပ်မှု ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားနှင့် သံတမန်နည်းအရ ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်မည်ဖြစ် ကြောင်း  အိမ်ဖြူတော်ကဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့် ရှိသူယန်ဆာကီကအမေရိကန်မူဝါဒတွင် မြောက်ကိုရီးယားနှင့်သံတမန် နည်းအရ ဆောင်ရွက်နိုင်ရန် လက်တွေ့ကျကျ ကြိုးပမ်းသွားမည်ကို မြင်တွေ့ရမည် ဖြစ်ကြောင်း သတင်းထောက်များကိုပြောကြားခဲ့ ခြင်းဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒင် အနေဖြင့် နျူကလီးယားလက်နက် တိုးတက်လာသည့် မြောက်ကိုရီးယားခေါင်းဆောင် နှင့် ဆွေးနွေညှိနှိုင်းရန် အားထုတ်ကြိုးပမ်းခဲ့သော ယခင်အစိုးရ၏ အတွေ့အကြုံများကို လေ့လာနေကြောင်း ယန်ဆာကီကအရိပ်အမြွက် ပြောကြားခဲ့သည်။ ဘိုင်ဒင်အနေဖြင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် တိုက်ရိုက် စေ့စပ်ဆွေးနွေးရန်လိုအပ်ပြီး နျူကလီးယား ဖျက်သိမ်းရေးဆွေးနွေးပွဲများကို အဆင့်နိမ့်အရာရှိများထံ လွှဲအပ်မထား သင့်ကြောင်း တိုက်တွန်း ပြောဆိုမှုများလည်း ရှိနေကြောင်းသိရသည်။    
                                                                                                                                    ရဲခေါင် (REF;BBC)






အခြားဆက်စပ်သတင်းများ