နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာတွင် နှစ်ပေါင်း ၇၀ ကျော်အတွင်းအဆိုးဆုံး စီးပွားရေး ကျဆင်းမှုနှင့် ကြုံတွေ့နေရ

ကိုလံဘို  မေ ၂

COVID-19 ကပ်ရောဂါကြောင့် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်မှစတင်၍ ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်ရှိတွင် နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးဆုံးကျဆင်းနေပြီဖြစ်ကြောင်း အာဏာပိုင်များက ကြေညာသည်။

၂၀၁၉ တွင် ဂျီဒီပီ ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက အလွန်အမင်းစီးပွားရေးကျဆင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာဗဟိုဘဏ်က ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ယခင်နှစ်အတွက် အစီရင်ခံစာ၌ ဖော်ပြထားသည်။ သို့သော် ယခုနှစ်တွင်မူစီးပွားရေး ပြန်လည်ကောင်းမွန်လာနိုင်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အခြေအနေပိုမို ကောင်းမွန်လာမှုကြောင့် စီးပွားရေးတိုးတက်မှု ခြောက်ရာခိုင်နှုန်းအထိရှိလာရန် နိုင်ငံ၏ ဗဟိုဘဏ်က ရည်မှန်းထားသည်။
စီးပွားရေးကျဆင်းမှုများတွင် သီရိလင်္ကာနိုင်ငံအတွက် အဓိကအကျိုးစီးပွားဖြစ်စေသော ခရီးသွားလုပ်ငန်း ကဏ္ဍမှာ ထိခိုက်မှုပိုမိုဖြစ်ပေါ်ခဲ့ပြီး ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင်လည်း သိသာစွာကျဆင်းသွားခဲ့ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

ဗဟိုအစိုးရ၏ ကြွေးမြီပမာဏသည်လည်း   ယမန်နှစ်ဂျီဒီပီ၏    ၁၀၁ ရာခိုင်နှုန်းအထိ   မြင့်တက်ခဲ့သဖြင့်   သီရိလင်္ကာနိုင်ငံ ရင်ဆိုင်နေရသော  ကြွေးမြီပြဿနာကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ ယခင်တစ်နှစ်တွင် မူဂျီဒီပီ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် ယမန်နှစ်က နိုင်ငံခြားအရန်ငွေ သိသိသာသာ လျော့နည်းသွားပြီးနောက်တွင် များပြားသည့် ပြည်ပကြွေးမြီတွေအတွက် အတိုးနှုန်းပေးချေရန် ခက်ခဲလာနိုင်သည်ဆိုသော စိုးရိမ်မှုများလည်း ထွက်ပေါ်နေသည်။            မျိုးဝင်း






အခြားဆက်စပ်သတင်းများ