နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့ (ယခုရန်ကုန်မြို့တော်) မြို့တည်သက် ၂၆၆ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့

ရန်ကုန်၊  မေ ၁

အလောင်းမင်းတရားကြီး တည်ထောင်တော်မူခဲ့သော ယနေ့ ရန်ကုန်မြို့တော်သည် ၂၀၂၁ ခုနှစ် မေလ ၂ ရက်တွင် မြို့တည်သက် ၂၆၆ ပြည့်မြောက်ပြီဖြစ်၍ မြို့တည်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြည်ထောင်စုအဆင့်ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရှိ နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ ကောင်စစ်ဝန်ရုံးများ၊ ရန်ကုန်မြို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ညီအစ်မမြို့တော်များကို ရန်ကုန်မြို့တည် ၂၆၆ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ (The 266 th Anniversary of Yangon city)ကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ကြုံလာသမျှ လောကဓံဖြစ်ရပ်စုံကို ထိတွေ့ဖြတ်သန်းခဲ့ပြီး ရန် အပေါင်းကို အောင်မြင်စွာ နှိမ်နင်းကာ အခက်အခဲမှန်သမျှကို အရှုံး မပေးဘဲ အလောင်းမင်းတရားကြီးသည် ၁၇၅၅ ခုနှစ် မေ ၂ ရက်တွင် ဒဂုံ မြို့ငယ်လေးကို ရန်အပေါင်း ကုန်စင်သွားသည့် နိမိတ်ကောင်းကို ယူကာ ''ဒဂုံမှရန်ကုန်''ဟု အမည်ပြောင်းလဲ မှည့်ခေါ်သည့်အပြင် မြန်မာ နိုင်ငံ၏ ပထမဆုံးပင်လယ်ကူးသင်္ဘောဆိပ်ကမ်းဖြစ်သည့် ရန်ကုန် ဆိပ်ကမ်းကိုလည်း စတင်တည်ဆောက်ခဲ့ကြောင်း သမိုင်းအထောက် အထားများအရ သိရသည်။

ယနေ့မြို့တော်ရန်ကုန်သည် ဗြိတိသျှနယ်ချဲ့လက်အောက်တွင် ကာလရှည်ကြာ ရှင်သန်ခဲ့ပြီး ဂျပန်ခေတ်အပါအဝင် ခေတ်အဆက်ဆက် ကို ဖြတ်သန်းခဲ့သည်။ တိုင်းပြည်အတွက် လွတ်လပ်ရေးတိုက်ပွဲဝင် သမိုင်း အမှတ်အသားနေရာများလည်း များစွာတည်ရှိနေသည်။ စစ်ဘေးဒဏ်၊ ငလျင်ဒဏ်များကြောင့် ပျက်စီးခဲ့ရသော်လည်း အေးချမ်းသော လေးဆူ ဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထီးရိပ်အောက်တွင် တည်ရှိသော ရန်ကုန်မြို့တော်သည် ယခုမြို့တည်သက်တမ်း ၂၆၆ နှစ်ရောက်ရှိချိန်တွင် ကမ္ဘာ့အလယ်၌ ဘာသာသာသနာ ထွန်းလင်းတောက်ပပြီး နိုင်ငံစီးပွား ရေး လုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတကာက အသိအမှတ်ပြု ခံရသည့် အာရှ၏ လှပသောမြို့ကြီးတစ်ခုအဖြစ် တည်ရှိနေသည်။

သမိုင်းစဉ်တစ်လျောက် အုပ်ချုပ်မှုစနစ်များ မည်မျှပင်ပြောင်းလဲစေ ကာမူ ဘာသာ၊ သာသနာ ထွန်းလင်းနေခြင်း၊ မြို့ပြဆိုင်ရာများ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်နေခြင်း၏ သရုပ်သကန်အဖြစ် အသိနှင့်သတိကို ခွဲခြား၍ ဆင်ခြင်တုံတရားများရှိသော ပြည်သူများနေထိုင်လျက်ရှိခြင်းတို့ကြောင့်         မြို့တည်သက် ၂၆၆ နှစ်ပြည့်သည့်တိုင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး အပါအဝင် ဘာသာ၊ သာသနာထွန်းလင်းစွာဖြင့် ဂုဏ်သိက္ခာရှိသော မြို့တော်သူ မြို့တော်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာစေရန်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြိုးပမ်းအားထုတ် လျက်ရှိသည်။

ရန်ကုန်မြို့တည်သက်တမ်း ၂၆၆ နှစ် ရောက်ရှိသည့်တိုင် ခေတ်အဆက်ဆက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော ရန်ကုန်မြို့တော်သူ မြို့တော်သားများအနေဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်စေရန် အတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင်သည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ဖော်ပြပါအတိုင်း ရန်ကုန် မြို့တည်သက် ၂၆၆ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့သွားမည်ဖြစ်‌ကြောင်း သိရသည်။
ဓာတ်ပုံ/သတင်း-စောသိန်းဝင်း






အခြားဆက်စပ်သတင်းများ