နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားပြုလုပ်

မေ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာရုံးများအတွက် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ သစ်ဆောက်လုပ်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက် အဦသစ်ဆောက်လုပ်ခြင်း အခမ်းအနား သို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်တက် ရောက်အဖွင့်အမှာ စကားပြောကြားပြီး အေဝမ်း(A1)ဆောက်လုပ် ရေးကုမ္ပဏီမှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာသိင်္ဂီလင်းက  စုပေါင်းရုံး (၄) ထပ်ဆောင်တည်ဆောက် သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မင်းဦး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်း ရေးမှူး ဦးသန်းဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊အေဝမ်း (A1)ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးရန်ဝင်း၊ အေဝမ်း(A1) ဆောက် လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးအာကာကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံတို့က သတ်မှတ်ထားသော နေရာအသီးသီးတွင် ပန္နက်တိုင်များအား စိုက်ထူပေးခဲ့ပြီး အမွှေးနံ့သာရေများ ပက် ဖျန်းပေးခဲ့ကြသည်။

စုပေါင်းရုံး (၄) ထပ်ဆောင် အသစ် ဆောက်လုပ်ခြင်းကို ပြည်ထောင်စု အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း နှစ်သောင်း နှစ်ထောင်ဖြင့် အလျား ၁၅၆ပေ၊ အနံ ၇၈ပေ၊ လေးထပ်ဆောင်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ လုပ်ငန်းကာလ (၁၁)လဖြင့် အပြီးတည်ဆောက်မည်ဖြစ်ပြီး တင်ဒါအောင်မြင်ခဲ့သည့် အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အေ ဝမ်း (A1) ဆောက်လုပ်ရေးကုမ္ပဏီမှ ဒုတိယအုပ်ချုပ်မှု   ဒါရိုက်တာ  ဒေါ်သိင်္ဂီလင်းထံမှသိရသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ   တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ