နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်သမ္မတနှင့် နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ အာဏာမျှဝေရေး သဘောတူစာချုပ် ချုပ်ဆို

မေ  ၁၈၊ ကာဘူးလ်


လပေါင်းများစွာ ကြာမြင့်သည့် နိုင်ငံရေးမသေချာမှုကို အဆုံးသတ်ပြီး အာဖဂန်နစ္စတန်သမ္မတ အက်ရက်ရှ်ဂါနီ နှင့် ယင်း၏ပြိုင်ဘက် အဗ္ဗဒူလာတို့က အာဏာမျှဝေရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။ 


ယင်းတို့နှစ်ဦးမှာ ဝန်ကြီးအရေအတွက် ညီတူမျှတူ ရွေးချယ်မည်ဖြစ်ပြီး အက်ရက်ရှ်ဂါနီက သမ္မတအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လုပ်ဖြစ်ပါက အဆိုပါ ဆွေးနွေးမှု များကို အဗ္ဗဒူလာက ဦးဆောင်မည်ဖြစ်သည်။ 


အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မြို့တွင် ချုပ်ဆိုခဲ့သည့် အာဏာမျှဝေရေး သဘောတူစာချုပ်မှာ အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲမတိုင်မီ တည်ရှိခဲ့သည့် အာဏာချိန်ခွင်လျှာကို ထိန်းသိမ်းပေးနိုင်မည်ဟု မျှော်လင့်နေသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အက်ရက်ရှ်ဂါနီနှင့် အဗ္ဗဒူလာတို့ နှစ်ဦးလုံးက အနိုင်ရကြောင်း အပြိုင် အဆိုင် ကြေညာခဲ့ပြီး ပြီးခဲ့သည့်လက ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှား အပြိုင်ကျင်းပခဲ့သည်။ 


ကာဘူးလ်မြို့ ဆေးရုံရှိ သားဖွားအဆောင်ကို လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့်             လူ ၂၄ ဦး သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အက်ရက်ရှ်ဂါနီနှင့် အဗ္ဗဒူလာတို့ အာဏာမျှဝေရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။


    Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ