နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာမည်ကြီး ထိုင်းဟာသသရုပ်ဆောင် ကွမ်ချောင်ချင် ကွယ်လွန်

ဘန်ကောက်  မေ   ၁

ကမ္ဘာတစ်ဝန်း ပရိသတ်အားပေးမှု ကို အခိုင်အမာရထားသည့် ထိုင်းဟာသ သရုပ်ဆောင် ကွမ်ချောင်ချင်သည် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဧပြီလ ၃၀ ရက်၊ ထိုင်းစံတော်ချိန် နံနက် ခုနစ်နာရီခွဲဝန်းကျင်တွင် ကွယ်လွန်သွား ခဲ့ပြီဖြစ်သည်။

သရုပ်ဆောင် ကွမ်ချောင်ချင်၏ အမည်ရင်းမှာ အေကွမ်ပရီးဒါကောဖြစ် ကာ ကိုဗစ်ကူးစက်ခံရပြီး ၁၈ ရက် အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်း သိရ သည်။

ကွမ်ချောင်ချင်အနေဖြင့် ယင်းနှင့် အတူ လက်တွဲအလုပ်လုပ်နေသည့် ဟာသသရုပ်ဆောင် ဘောလ်ချောင်ယင်း ဆီတွင် ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရအပြီး ယင်းကိုပါ ဆေးရုံ သို့ ဆက်လက်ခေါ်ဆောင်၍ ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၁၂ ရက်မှာ စစ်ဆေးမှု အဖြေထွက်ပေါ်လာခဲ့ပြီး ယင်း၏ မိသားစုဝင် ၁၀ ဦးထံတွင် ကိုဗစ် ပိုးမတွေ့ခဲ့ရဘဲ ကွမ်ချောင်ချင်တစ်ဦး တည်းသာ ကိုဗစ်ကူးစက်ထားကြောင်းအဖြေထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ကွမ်ချောင်ချင်၏ အခြေအနေသည် နောက်ပိုင်းရက်များတွင် ပိုပြီးဆိုးရွား လာခဲ့သည့်အတွက် ပုဂ္ဂလိကဆေးရုံတွင် တက်ရောက်နေရာမှ ပြည်နယ်ဆေးရုံသို့ ပြောင်းရွှေ့လိုက်ရပြီး ရောဂါကူးစက်ခံရ ပြီး အဆုတ်၊ ကျောက်ကပ်စသည့် ကိုယ်တွင်းကလီစာများ ပျက်စီးကာ အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ယင်း၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

မျိုးဝင်း (Ref; Bangkok Post)






အခြားဆက်စပ်သတင်းများ