စင်ကာပူ မေ ၁
ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်လည် စိုးရိမ်ရတဲ့အခြေအနေ ရောက်နေစဉ်တွင် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ရောဂါဆိုးရွားမှုများ မဖြစ်ပေါ်စေရန် ကြိုတင်စီမံနေပြီဖြစ်ကြောင်း ယင်းနိုင်ငံ များ၏ ဧပြီလနောက်ဆုံးပတ် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ် ထုတ်ပြန်ချက်များအရ သိရသည်။
စင်ကာပူတွင် ဧပြီ ၂၉ ရက်က ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် ၃၅ ယောက်တွေ့ရှိခဲ့ရပြီး လူနာသစ် ၃၅ ယောက်အနက် ၁၆ ယောက်မှာ အများပြည်သူကိုဝန်ဆောင် မှုပေးရသည့် နေရာများတွင် တာဝန် ထမ်းဆောင်သူများဖြစ်ကြောင်း သိရ သည်။ စင်ကာပူနိုင်ငံတွင် တစ်နေ့တာ အတွင်း ကိုဗစ်ကူးစက်ခံရသူ အရေ အတွက်မှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက် နောက်ပိုင်းတွင် အမြင့်ဆုံးအနေအထား ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး Tan Tock Seng ဆေးရုံရှိ သူနာပြုဆရာမတစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦး တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် အဆိုးဆုံးအနေအထားသို့ ဦးတည် လာမည်ကို စင်ကာပူအစိုးရကစိုးရိမ် ပူပန်နေခြင်းဖြစ်သည်။
အလားတူ ထိုင်းနိုင်ငံတွင်လည်း လက်ရှိ ဧပြီလအတွင်း ကိုဗစ်ကူးစက် ခံရသူ လူနာသစ် ၃၄,ဝ၀ဝ ကျော် တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ကိုဗစ်က တစ်ကျော့ပြန် စိုးရိမ်စရာအခြေအနေ ရောက်ရှိလာသည့်အတွက် ပြည်သူ့ ကျန်းမာရေး အစီအမံတစ်ရပ်အဖြစ် ယာယီဆေးရုံတည်ဆောက် ပြင်ဆင်မှုများ ကို ထိုင်းအာဏာပိုင်များက ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (Ref;CNA)