မေ ၁၈၊ ဘရာစီလီယာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများကြောင့် အရေးပေါ်ခုတင် တောင်းဆိုမှုများပြားလာရာ ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လိုမြို့တွင် ကျန်းမာရေးစနစ် လဲပြိုလုနီးပါးဖြစ်နေကြောင်း မြို့တော်ဝန်က ပြောသည်။
ဆော်ပေါ်လိုမြို့ ပြည်သူ့ဆေးရုံများတွင် လူနာလက်ခံနိုင်စွမ်း၏ ၉၀ ရာခိုင်နှုန်းအထိ ရှိနေရာ လာမည့် ရက်သတ္တနှစ်ပတ်အတွင်း နေရာလွတ်မကျန်အောင် ဖြစ်လာလိမ့်မည်ဟု ကိုဗက်စ်က ပြောသည်။
ဆော်ပေါ်လိုမြို့မှာ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် မြို့တစ်မြို့ဖြစ်ပြီး သေဆုံးသူ ၃၀၀၀ နီးပါး ရှိနေသည်။ ဘရာဇီးနိုင်ငံသည် ပြီးခဲ့သည့် စနေနေ့တွင် စပိန်၊ အီတလီနိုင်ငံများကို ကျော်ဖြတ်ပြီး ရောဂါပိုးကူးစက်ခံရသူ အများဆုံးစာရင်းတွင် အဆင့် ၄ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၁၀၀၀ ရှိနေပြီး ၁၆၁၁၈ ယောက် သေဆုံးခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ရောဂါစစ်ဆေးမှု နည်းပါးခြင်းကြောင့် အမှန်တကယ် ရောဂါကူးစက်ခံရသူ ပမာဏက တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက်များထက် ပိုများနိုင်သည်ဟု ဘရာဇီးနိုင်ငံ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့် အခြေအနေကို ကိုင်တွယ် ဖြေရှင်းမှုပုံစံနှင့်ပတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။
Ref:BBC(KNT)