ဧပြီ ၃၀
နေ့စဉ် အချိန်ကြာမြင့်စွာ အထိုင်များသူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးနိုင်သော အန္တရာယ် ပိုမိုတိုးလာနိုင်ကြောင်း သုတေသီတစ်ဦးက ပြောသည်။
လက်စတာတက္ကသိုလ် ဆီးချိုရောဂါသုတေသနဌာနစုက လူနာ ၇၉၄,၅၇၇ ဦးတို့ကို မတူညီသည့် စမ်းသပ် လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ကြရာမှ အချိန်ကြာကြာထိုင်သူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးနိုင် သည့်အန္တရာယ် နှစ်ဆခန့်တိုးလာသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ကျန်းမာသောသူအများစုတို့သည် ကာလကြာရှည် ထိုင်ခြင်းဖြင့် အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု အကြံပြုထားသည်။
အရွယ်ရောက်သူများသည် ၎င်းတို့၏ အချိန် ၅ဝ မှ ၇ဝ ရာခိုင်နှုန်းကို ထိုင်ခြင်းဖြင့် ကုန်ဆုံးစေပြီး ယခုတွေ့ရှိ ချက်က အကျိုးရှိသော ရလဒ်တစ်ခုဖြစ်စေနိုင်သည်။ ထိုင်သည့် အချိန်ကို ကန့်သတ်လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်ကြောင်း သိရသည်။
ထို့အပြင် အချိန်ကြာကြာထိုင်သည့် အလေ့အထကို ကန့်သတ်ခြင်းဖြင့် ဆီးချိုဝေဒနာရှင်များ နောက်ထပ် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို လျှော့ချရန် အကူအညီပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
စားပွဲတစ်လုံး၊ ကွန်ပျူတာတစ်လုံးဖြင့် အချိန်ကြာကြာထိုင်၍ အလုပ်လုပ်နေသူများအားလုံး အချိန်ကြာ မြင့်စွာထိုင်နေခြင်းထက် လှုပ်ရှားမှုများပြုလုပ်ကြရန်၊ အထူးသဖြင့် နေ့လယ်စာစားချိန်၊ နားချိန်တို့တွင် လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ပေးရန် တိုက်တွန်းထားသည်။
(သူရိန်)