ဧပြီ ၃၀
ဘူးသီးကို ဟင်းချက်စားသုံးလေ့ရှိကြသော်လည်း ဘူးသီးကရရှိစေနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို လူတိုင်းနီးပါး သိရှိသူနည်းပါးလှသည်။ ဘူးသီးကို ချဉ်ရည်ဟင်း၊ ဟင်းခါး၊ ဘူးသီးကြော်တို့အပြင် အသားတို့ဖြင့်လည်း ရောချက်စားသုံးလေ့ရှိသကဲ့သို့ ငါးပိတို့စရာအဖြစ် စားသုံးရာ တွင်လည်း ဘူးသီးပြုတ်အဖြစ် စားသုံးကြသေးသည်။ အဆိုပါ ဘူးသီးကို စားသုံးပေးခြင်းသည် သွေးတိုးကျစေရုံသာမက နှလုံးရောဂါကိုလည်း သက်သာစေနိုင်စွမ်းရှိသည်ကို သိရှိသူနည်းပါးလှသည်။ ထို့ကြောင့် ဘူးသီးစားပေးခြင်းဖြင့် ရရှိစေနိုင်မည့် ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများကို သိရှိနိုင် စေရန် အောက်တွင်ဖော်ပြပေးလိုက်သည်။ အသည်းလုပ်ငန်းဆောင်တာများကို ဟန်ချက်ညီစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့ကျစေနိုင်ခြင်း၊ နုံးချည့်ညောင်းညာမှု သက်သာစေခြင်း၊ စိတ်စွဲလွန်ဝေဒနာကို သက်သာစေခြင်း၊ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ခြင်း၊ အထွေထွေကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ မျက်စိကျန်းမာရေးကို ကောင်းမွန်စေခြင်း သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေခြင်း စသည့် အကျိုးသက်ရောက်မှုများစွာကို ရရှိစေသည်။
(WP)