နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းသီးရှာလကာရည်နှင့် ပျားရည်အစွမ်းအံ့မခန်း

ဧပြီ  ၃၀

ပန်းသီးရှာလကာရည် လို့ခေါ်တဲ့ Apple cider vinegar (ACV) က ကျန်းမာရေး တော်တော်များများအတွက် ဆေးစွမ်း ထက်မြက်လှသလို၊ သဘာ၀ပျားရည်ကလည်း လွန်စွာဆေးဖက်၀င်လှပါတယ်။ ၄င်းပစ္စည်း တစ်မျိုးချင်းစီမှာ ပင်ကိုယ်သဘာ၀ ဆေးစွမ်းကိုယ်စီရှိကြရာ၊ အကယ်၍ ထိုပစ္စည်းနှစ်မျိုးကို ပေါင်းစပ် လိုက်တဲ့အခါ ကျန်းမာရေးအစွမ်း အံ့မခန်းကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ပျားရည် ချိုချိုထဲကို ပန်းသီး ရှာလကာရည် ရောထည့်သောက်ရတဲ့ အရသာကလည်း ပို၍ ခံတွင်းတွေ့စေပါတယ်။
(၁) ဆေးသုတေသီများ၏ ၂၀၀၄ ခုနှစ်မှာ လေ့လာမှုမှတ်တမ်းများအရ ပန်းသီးရှာလကာရည်ဟာ နာတာရှည် အဆစ်အမျက်ရောင်ရမ်းနာကျင်ခြင်းကို ထိန်းချုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ထို့တူ ၂၀၁၁ ခုနှစ် လေ့လာရာမှာ ပျားရည်က အဆစ်ရောင်ရောဂါများကို ကောင်းစွာကုသပေးနိုင်ကြောင်း သိရပါတယ်။ (၂) အိန္ဒိယဆေးသုတေသီများ၏ လေ့လာမှုအရ ပန်းသီးရှာလကာရည်နှင့် ပျားရည်တို့ကိုရောစပ်၍ ဖျော်သောက်ခြင်းက အစာအိမ်ထဲရှိ အက်ဆစ်ထွက်ရှိမှုကို မျှတစေကြောင်း၊ ဒါကြောင့် အစာစားပြီးနောက် လေချဉ်တက်လေ့ ရှိသူများနှင့် ရင်ပူ နှလုံးပူတတ်သူများအနေဖြင့် ၄င်းပစ္စည်းနှစ်မျိုးကိုရောစပ်၍ သောက်သင့်ကြောင်း အကြံပြုထားပါတယ်။

(၃) ပန်းသီးရှာလကာရည်၏ အက်ဆစ်တစ် အက်ဆစ်က အစာထဲမှာပါရှိတဲ့ ပရိုတင်းဓာတ်ကို ဖြိုခွဲပေးပါတယ်။ ဒါ့ပြင် အစာအိမ်ထဲရှိ အစားအစာများကို ကောင်းစွာကြေညက်စေဖို့အတွက်ကို လည်းအင်ဇိုင်းဓာတ် တစ်မျိုးကို ထောက်ပံ့ပေးပါတယ်။ ပျားရည်က လေထိုး၊ လေပွ၊ ဗိုက်နာခြင်းပြဿနာများကို ပြေပျောက်စေပါတယ်။ (၄)အမေရိကန်ပြည်ထောင်စုရှိ Illinois တက္ကသိုလ်မှ လေ့လာမှုအရ ပန်းသီးရှာလကာရည် (ACV ) ၃၀ မီလီ လီတာကို ရေသန့် ၅၀၀ မီလီ လီတာဖြင့် သောက်ခြင်းက ခန္ဓာကိုယ်ထဲရှိ အဆီခဲများကိုဖြိုခွင်းပေးကာ အ၀လွန်ခြင်းကို လျှော့ချပေးနိုင်ကြောင်း၊ ၄င်း ACV ကို ပျားရည်ဖြင့် သောက်ခြင်းက သွေးထဲရှိ သကြား ပမာဏကို ထိန်းညှိပေးခြင်း၊ သွေးကြောထဲရှိ အဆီအနည်ကျမှုကို ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ကိုယ်အလေးချိန်ကျခြင်းစသည်ဖြင့် ကောင်းကျိုးပြုနိုင် ကြောင်း သိရှိရပါတယ်။ (၅) အက်ဆစ်တစ် အက်ဆစ်က အသည်းအဆီဖုံးခြင်းကိုကုသပေး၍ သည်းခြေရည်ကို ကောင်းစွာထွက်ရှိစေတာကြောင့် ကိုလက်စထရောကျဆင်းစေကြောင်း၊ ပျားရည်ကို မှန်မှန်စားပေးခြင်းက မကောင်းသော LDL ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းသော HDL ကိုလက်စထရောကို တိုးမြှင့်ပေးနိုင်ကြောင်း၊ ၄င်းနှစ်မျိုးဖျော်ရည်က ကိုလက်စထရော ပမာဏကို သဘာ၀ကျကျ လျှော့ချပေးကာ သွေးသန့်စေကြောင်းတို့ကို ဗြိတိန်အာဟာရဗေဒပညာရှင်များက အကြံပြု ထားပါတယ်။

(၆) ပျားရည်ထဲရှိ စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးသွေးကြောပြဿနာ နှင့် နှလုံးရောဂါ အမျိုးမျိုးဖြစ်ခြင်းမှ ကာကွယ်ပေးကာ၊ နှလုံးရောဂါနှင့် ပတ်သက်ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။ ACV က ကိုလက်စထရောကျကာ သွေးဖိအားကို လျှော့ချ ပေးနိုင်ပါတယ်။ ဒါကြောင့် ၄င်းပစ္စည်း နှစ်မျိုးပေါင်းက နှလုံးကိုကျန်းမာစေပါတယ်။ (၇) ပျားရည်နှင့် ACV တို့ဓာတ်ပြုမှုက သွေးဖိအားတက်ခြင်းကို လျှော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါဝေဒနာ သည်များကို ကောင်းကျိုးပြုပါတယ်။ (၈) အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဆီးချိုရောဂါအဖွဲ့အစည်း တစ်ရပ်မှ ထုတ်ပြန်ချက်အရ၊ ဆီးချိုရောဂါအမှတ်-၂ အတွက် သောက်သုံးရသော ဆီးချိုကျဆေးများ၏ အင်ဆူလင်ပြဿနာကို ACV က ကောင်းကျိုးပြုပေး နိုင်ကြောင်း၊ အထူးသဖြင့် ၄င်းရောဂါ ဖြစ်သူများအနေဖြင့် ညအိပ်ခါနီး ACV သောက်ပေးခြင်းက ဆီးသွေးထဲရှိ ဂလူးကို့စ်ပမာဏကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင် ကြောင်း၊ ပျားရည်ကတော့ သွေးရည်ကြည်ကို ကောင်းကျိုးပြုကာ ဆီးချို၊ သွေးချိုရောဂါသည်များ၏ သွေးထဲရှိ ဖက်တီးအက်ဆစ်ကို ကောင်းကျိုးပြုစေကြောင်း၊ ဒါကြောင့် ၄င်းပစ္စည်းနှစ်မျိုး ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် သွေးထဲရှိ သကြားပမာဏကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

(၉) နံနက်ပိုင်း (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်ပြီးနောက် ACV လက်ဖက်ရည်တစ်ဇွန်း (သို့မဟုတ် ) နှစ်ဇွန်းခန့်ကို ပျားရည် လက်ဖက်ရည်တစ်ဇွန်းဖြင့် ဖျော်စပ်သောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အသည်းကိုလည်း သန့်စင်စေပါတယ်။ (၁၀) ချောင်းဆိုး နေသူများ ပျားရည် အသင့်အတင့်သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး လုံး၀မဖြစ်စေပါဘူး။ ACV က ချောင်းဆိုး၍ လည်ချောင်းနာခြင်းအတွက် ဆေးဖက်၀င်ပါ တယ်။ ၄င်းပစ္စည်းနှစ်မျိုးက ရာသီဖျား ကူးစက်ရောဂါ အအေးမိ နှာစေးချောင်းဆိုးခြင်း နှင့် လည်ချောင်းနာခြင်း တို့အတွက် ကောင်းကျိုးပြုပါတယ်။ (၁၁) ACV နှင့် သဘာ၀ပျားရည်တို့၏ ပေါင်းစပ်ဓာတ်ပြုမှုက အရေပြား ကို အားဖြည့်၍ ကျန်းမာစေတာကြောင့် ဝဲနှင်းခူရောဂါနှင့် အရေပြားအနီကွက်ထ၍ ယားယံခြင်းတို့အတွက် ဆေးဖက်၀င်ပါတယ်။ ဒါ့ပြင် အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပစ်ပြီး ကျန်းမာသန့်စင်တဲ့ အရေပြားအသစ်ကို ဖြစ်တည်ပေးနိုင်ပါတယ်။ ၄င်းပစ္စည်းနှစ်မျိုးကိုရောစပ်၍ သောက်ပါ၊ အရေပြားပေါ် လိမ်းပေးပါ။
(မှတ်ချက်) ပန်းသီးရှာလကာရည်လို့ခေါ်တဲ့ Apple cider vinegar (ACV) ကို City Mart ဆိုင်များမှာ အလွယ်တကူ၀ယ်ယူရရှိနိုင်ပါတယ်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ