နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသွားအလာကန့်သတ်မှု စည်းမျဉ်း ချိုးဖောက်ပါက ထောင်ဒဏ် ၇ နှစ် ချမှတ်မည့် ဥပဒေကို ရုရှားလွှတ်တော် အတည်ပြု

အသွားအလာကန့်သတ်စောင့်ကြည့်မှုစည်းမျဉ်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမည့် ပြစ်ဒဏ်အပါအဝင် COVID-19 ကူးစက်ပျံ့နှံ့မှု ဆန့်ကျင်တားဆီးရေး ဥပဒေများကို ရုရှားလွှတ်တော်က အတည်ပြုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန်အတွက် ရုရှားနိုင်ငံ၏ဒေသများကလည်း မော်စကိုမြို့နည်းတူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် တင်းကျပ်သည့် ဥပဒေများနှင့် ဥပဒေပြင်ဆင်မှုများကို အချိန်တိုအတွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂၃၃၇ ဦးရှိနေပြီး သေဆုံးသူ ၁၇ ဦး ရှိသည်။ COVID-19 လူနာများကို ကုသပေးနေသည့် မော်စကိုမြို့ရှိ အဓိကဆေးရုံ၏ ဆေးရုံအုပ်ကြီးမှာ ပြီးခဲ့သည့်အင်္ဂါနေ့က COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဆေးရုံအုပ်ကြီး ပရော့ဆန်ကိုသည် လွန်ခဲ့သည့်ရက်သတ္တပတ်က ကွန်မူနာကာဆေးရုံသို့ ပူတင် လာရောက်လည်ပတ်စဉ် လိုက်လံပြသခဲ့သူဖြစ်သည်။ သို့သော် သမ္မတပူတင်မှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူနေသူဖြစ်၍ စိုးရိမ်ပူပန်စရာမလိုအပ်ကြောင်း ယင်း၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယခုပြဋ္ဌာန်းခဲ့သည့်ဥပဒေအရ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူတစ်ယောက်ယောက်က အသွားအလာ ကန့်သတ်စောင့်ကြည့်မှုကို ချိုးဖောက်ပြီး ယင်း၏လုပ်ရပ်ကြောင့် အခြားသူများ သေဆုံးရပါက ယင်းကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်မည်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်သော်လည်း နေအိမ်တွင် နေခိုင်းသည့် ညွှန်ကြားချက်ကို ချိုးဖောက်ပါကလည်း ကြီးလေးသည့်ဒဏ်ငွေ ချမှတ်ခံရမည်ဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ