နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥတုရာသီတောကိုမှီ

လူသားအားလုံးအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရာသီဥတုမျှတခြင်းသည် အဓိကအချက်ဖြစ်နေသည် ကိုအားလုံးသိရှိပြီး ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်းသည် သစ်တောများ ပျက်စီးပြုန်းတီးခြင်းကြောင့် ဟု သုံးသပ်ဖော်ပြကြသည်။ ရာသီဥတုသည် တောကိုအမှီသဟဲပြုဆိုသည်လျှင် မှားမည်မထင်ပါ။ ကမ္ဘာ့သစ်တော ကြီးများတစ်စတစ်စပြုန်းတီးလာနေသည်။ လူတို့၏ ပယောဂကြောင့် အများဆုံး ဆုံးရှုံးနေရသည်။ သဘာဝ ဘေးအန္တရာယ်တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရသည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများ ရှင်သန်ရေးတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံသည်သစ်တောသယံဇာတပေါများကြွယ်ဝသကဲ့သို့ နေချင်စဖွယ်ကောင်းသော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပေသည်။ သို့သော် ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့နိုင်ငံရှိ ဒီရေတော၊ တောင်ပေါ် သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တောများ၊ တစ်စတစ်စယိုယွင်းပျက်စီးလာနေသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ယခုလက်ရှိတွင် ၂၄ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုန်းတီးမှုများပြား လာခြင်းက မြန်မာနိုင်ငံ၏ ဂေဟစနစ်တစ်ခုလုံး အထိန်းအကွပ်မရှိဘဲ ပျက်စီးသွားနိုင်သည်။
နိုင်ငံတော်မှ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာစေရန် သစ်တောစိုက်ခင်းများကို စီမံကိန်းများနှင့် ဆောင်ရွက်ရာတွင် ဒေသခံများ ဆန္ဒ၊ ဒေသခံလူနေမှုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းများထည့်သွင်းရေးဆွဲခြင်း၊ ပတ်ဝန်းကျင်လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းခန့်ခွဲမှုစနစ်နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်အထည်ဖော်လျက်ရှိသည်။ သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သစ်တော များကာကွယ်ထိန်းသိမ်းခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား ရန်လိုကြောင်း၊ စိုက်ပျိုးရာတွင် အမြင့် နှစ်ပေခန့်ပျိုးပင်များဖြင့် စိုက်ပျိုးဆောင်ရွက်ရန်နှင့် တစ်ပင်စိုက် တစ်ပင် ရှင်အောင်ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ သစ်တောသစ်ပင်များ ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း တရားမဝင်သစ်ဖမ်းဆီးရေးကိစ္စများအား အထူးအလေးထား ဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိအမြဲရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်သော မြေအသုံးချမှုပြောင်းလဲခြင်းကိုလည်း အထူးဂရုပြုစီစစ်ဆောင်ရွက်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းလုပ်ငန်းများကို ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဧပြီ ၂၇ ရက် ပြည်ထောင်စုနယ်မြေလိုက် ကြိုးဝိုင်းရှိဂေဟစနစ်ဖြည့် တင်းရေးစိုက်ခင်းများ ကြည့်ရှုစစ်ဆေးရာတွင် ထည့်သွင်းမှာကြားခဲ့သည်။
ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်မထိခိုက်မပျက်စီးအောင် ထိန်းသိမ်းကာကွယ်နိုင်သည့် သစ်တော စိုက်ခင်းများ မပြုန်းတီးအောင် ကာကွယ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စောင့်ရှောက်ခြင်းဟု ဆိုချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ