နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာကြံ့ခိုင်မှုရရှိစေရန် အမျိုးသားများစားပေးသင့်သည့် အစားအစာများ

ဧပြီ  ၂၉

အမျိုးသားများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စားသင့်သည့် အာဟာရများအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင်နေချိန် စားပေးသင့်သည့်အစားများနှင့် ကြွက်သားသန်စွမ်းအောင် ပိုမိုစားပေးသင့်သည့်အစားအစာ များရှိသည်ကို သိရှိသူများနည်းပါးလှသည်။ ထို့ကြောင့် စားသုံးပေးသင့်သည့် အစားအစာများကိုအောက်တွင် ဖော်ပြပေးလိုက်သည်။

 ကြွက်သား တည်ဆောက်မှုကောင်းစေရန် အဆီနည်းသည့် အနီရောင် အသားစားသုံးပေးခြင်း၊သွေး လှည့်ပတ်မှု ကောင်းမွန်စေရန် အမည်းရောင် ချောကလက်စားပေးခြင်း၊ မျိုးဆက်ပွားအင်္ဂါ အားကောင်းစေရန် အခွံမာပင်လယ်စာ စားပေးခြင်း၊ သွေးတွင်းကောင်းသော အဆီတိုးပွားစေရန် ထောပတ်သီးစားပေးခြင်း၊ နှလုံးရောဂါကင်းဝေးစေရန် အဆီပါသောငါးစားပေးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် နာကျင်မှု မဖြစ်စေရန် ချင်း(ဂျင်း) စားပေးခြင်း၊ ကြွက်သားသန်စွမ်းစေရန် နွားနို့နှင့် ဒိန်ချဉ်သောက်ပေးခြင်း ကြွက်သားကျုံ့အားကောင်းစေရန် ငှက်ပျောသီးစားပေးခြင်းတို့ဖြင့် ကျန်းမာကြံ့ခိုင်မှုကို ရရှိစေနိုင်မည်ဖြစ် သည်။                                                                                                                           
             (WP)






အခြားဆက်စပ်သတင်းများ