နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဖိုဆောင်သုံးကုန်စည်အများစု ဈေးနှုန်းထပ်မံကျဆင်း

ရန်ကုန် မေ ၁၇


ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ အာလူး၊ ငရုတ်၊ သကြား ဈေးနှုန်းများ ထပ်မံကျဆင်းနေသည်ဟု နေ့စဉ်ဈေးနှုန်းများပွဲရုံနှင့် ကုန်အဝယ်တော်များထံမှ သိရသည်။ မေ ၁၆ ရက် စနေနေ့ ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလက်ကားဈေးဆိပ်ဖြူ ၅၀၀-၅၇၅-၅၂၅-၅၀၀ ကျပ် အောင်လံ ၃၇၅-၄၅၀-၄၅၀-၃၅၀ ကျပ် မြင်းခြံ (ကံဆင့်) ၅၀၀-၅၅၀-၅၇၅-၅၂၅ ကျပ်နှုန်း အသီးသီး ရှိသည်ဟု သိရသည်။


မေ ၁၆ ရက်တွင် ရန်ကုန်ဈေးကွက်သို့နယ်စုံ ကြက်သွန်နီပိဿာချိန် ၉၆၀၀၀ သာ ဝင်ရောက်သည်။ မေ ၁၁ ရက် တနင်္လာနေ့တွင် ကြက်သွန်နီပိဿာချိန် ၂၁၀၀၀၀ ဝင်ရောက်ပြီး မေ ၁၂ ရက်မှ ၁၅ ရက်အထိ နေ့စဉ် ပိဿာချိန် ၁၀၈၀၀၀ သာ ဝင်ရောက်သည်။ ပုံမှန်ဝင်ရောက်နေသည့် ပမာဏထက် များစွာလျော့နည်းနေသော် လည်း ရန်ကုန် ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာကျနေဆဲဖြစ်၍ ကြက်သွန်နီဈေးနှုန်းအနိမ့်တွင်သာ ရှိနေသည်ဟု အဝယ်တော်တစ်ဦးက ဆိုသည်။


အောင်ပန်းနှင့် ဟဲဟိုးအာလူးများ ဝင်ရောက်မှု ယခုရက်ပိုင်းတွင် များလာရာ ဝယ်လိုအားမှာ ကြက်သွန်နီ ကဲ့သို့ အာလူးသည်လည်း ဝယ်အားနည်းနေသဖြင့် ဈေးကျလာရာ မေ ၁၆ ရက်တွင် အာလူး လက်ကားတစ်ပိဿာ ၅၀၀-၆၅၀-၆၃၀-၅၀၀ ကျပ်နှုန်းသာရှိသည်ဟု ရေတမာလမ်းအာလူးပွဲရုံမှ သိရသည်။

မေ ၁၆ ရက်တွင် အောင်ပန်းရှမ်းကြက်သွန်ဖြူအသစ် လက်ကားတစ်ပိဿာ ၁၆၅၀- ၁၉၀၀- ၂၁၀၀-၂၃၀၀ ကျပ် ကြူကုတ်ကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ၁၃၇၅ ကျပ်နှုန်းရှိသည်။ မေ ၁၆ ရက်တွင် ဟင်္သာတနယ် ထွက် အိန္ဒိယငရုတ်ရှည် လက်ကားတစ်ပိဿာ ၃၀၀၀ ကျပ်၊ မြစ်ဝကျွန်းပေါ် ငရုတ်ရှည် ၂၅၀၀-၂၈၀၀ ကျပ်၊ မိုးထောင်ငရုတ်တစ်ပိဿာ ၃၃၀၀ ကျပ်နှုန်းရှိသည်ဟု ငရုတ်ဈေးကွက်မှ သိရသည်။ ပြည်တွင်း သကြားစက်ရုံ များမှ ထွက်ရှိသော ပြည်တွင်းသကြားများမှာ ယခင်ရက်ပိုင်းတွင် လက်ကားတစ်ပိဿာ ၉၄၀ ကျပ်ရှိသော အမျိုးအစားမှာ မေ ၁၆ ရက်တွင် ၉၀၀ ကျပ်သာရှိသည်။ ပြည်တွင်းတွင် ယခုလပိုင်း သကြားသုံးစွဲမှု သိသိသာသာကျဆင်းခြင်း၊ ပြည်ပသို့ အပို့နည်းခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းနေရသည်ဟု သကြားရောင်းချ သည့် ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။


ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်သွားလာနေပြီး သီးနှံကုန်စည်အများစုမှာ အသစ်ထွက်ပေါ်ချိန် ဖြစ်၍ ဈေးနှုန်းများကျဆင်းနေရာ လှောင်သမားအနေဖြင့် ကုန်လှောင်ရန် ပြင်ဆင်နေကြသည်ဟု ငရုတ်နှင့် ကြက်သွန်နီဈေးကွက်တို့မှ သိရသည်။ မီးဖိုဆောင်သုံးကုန်စည်အများစု ဈေးနှုန်းအနိမ့်သို့ ကျဆင်းနေသဖြင့် စားသုံးသူအထူးသဖြင့် ဝင်ငွေနည်းလူတန်းစားများအနေဖြင့် ယခုကာလအလုပ်အကိုင် လုပ်ကိုင်နိုင်မှု နည်းချိန် အဆင်ပြေမှုရှိလာသည်ဟု အိမ်ရှင်မအချို့က ဆိုသည်။


မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ